နေပြည်တော်၊ ဖေဖော်ဝါရီ ၃
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက် စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ခံယူကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များ ဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ အခြေပြုလုပ်ကိုင်နေသည်ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့များက လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော် ထုတ်ခြင်းနှင့် နယ်မြေ ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ခဲ့ရာ ယနေ့နံနက် ၇ နာရီ ခန့်တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာအနီး သို့ အရောက်၌ မသင်္ကာဖွယ်ရာ အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့် နေရာဖြစ်ကြောင်း တွေ့ရှိရပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေကြ သူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၃၀ ဦးတို့နှင့်အတူ မိုးကာအစိမ်းစများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံ ၁၅ လုံး၊ ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၀ လုံး၊ အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရွာတွင် အသုံးပြုသည့် မီးစက် ၂ လုံး၊ ဖုန်းမျိုးစုံ ၂၀၈ လုံး၊ ALL-IN-ONE ကွန်ပြူတာ ၈၆ လုံး၊ LAPTOP ၇ လုံး၊ STAR LINK ၂၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၁၀ စီးတို့ကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို လည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံ အတွင်း လုံးဝအခြေပြု လုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါ ဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News












No comments:
Post a Comment