ဖေဖော်ဝါရီ - ၃ ( အင်္ဂါနေ့ )
တနင်္လာနေ့တွင် ရွှေနှင့်ငွေဈေးများ ထပ်မံကျဆင်းခဲ့ပြီး မကြာသေးမီက စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့တဲ့ ရွှေဈေး၊ ငွေဈေးက ဝယ်လက်တွေကို အရှုံးပေါ်စေခဲ့ပါတယ်။ ရွှေဈေးနှုန်းများက တနင်္လာနေ့တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄၄၆၅ နဲ့ ဈေးပိတ်ခဲ့ပြီး ၈ % ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့သည့်အပတ်က ရွှေဈေးက ကန်ဒေါ်လာ ၅၆၀၀ ဆီကို ခေတ္တရောက်သွားပြီး စံချိန်ချိုးခဲ့ပေမဲ့ သောကြာနေ့တစ်ရက်တည်းမှာပဲ ၃၀ % လျှောကျသွားသလို ငွေကလည်း ၇ % ကျဆင်းသွားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလတွင် သက်တမ်းကုန်ဆုံးမဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပိုဝဲလ်နေရာကို ကီဗင်ဝါ့ရှ် အား အစားထိုးမယ်လို့ ပြောပြီးနောက်ပိုင်းမှာ ရွှေဈေးက ရုတ်တရက်ပြုတ်ကျခဲ့တာပါ။ ဗဟိုဘဏ်က တင်းကြပ်တဲ့ ငွေကြေးမူဝါဒဖြစ်တဲ့ အတိုးနှုန်းတွေကို ဖြတ်တောက်ရမယ်ဆိုတဲ့ မူကို လိုက်နာနိုင်ရမယ်ဆိုတဲ့ စိုးရိမ်မှုများကို လျှော့ချရန် ဝါ့ရှ် ကို မပြောထားကြောင်း ထရမ့်က ဆိုပါတယ်။
အစောပိုင်း မြင့်တက်မှုအချို့က တရုတ်နိုင်ငံမှ မှန်းဆဝယ်ယူမှုများကြောင့်ဖြစ်ပြီး ကုန်သည်များသည် ရွှေဈေးဈေးကွက်အတွင်းသို့ ငွေပူများလောင်းထည့်ကာ ရွှေငွေ သတ္တုများ ကို သမိုင်းဝင် ကုန်သွယ်မှုဘောင်များ ထက် ကျော်လွန်ကာ တွန်းပို့ခဲ့ပါတယ်။ ပြီးခဲ့သောသီတင်းပတ်အတွင်းမှာ ရွှေငွေဈေး ပြိုကျမှု၏ အရှိန်နှင့် အတိုင်းအတာကို ချဲ့ထွင်ခဲ့ပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းတွင် ရွှေသည် တစ်အောင်စလျှင် ဒေါ်လာ ၅၅၀၀ အထက် မြင့်တက်ခဲ့ပြီး ငွေသည် ဒေါ်လာ ၁၂၀ အထက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။ ဂျာမန် ဗဟိုဘဏ်ကတော့ ယခုနှစ်နှောင်းပိုင်းတွင် ရွှေဈေးက ကန်ဒေါ်လာ ၆၀၀၀ သို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ လောလောဆယ်ကျသွားတဲ့ ဖြစ်စဉ်က ရွှေအရောင်းအဝယ်အတွက် လူတွေ အရမ်းအာရုံစိုက်နေလို့ အကြောလျှော့တဲ့ ဖြစ်စဉ်ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ အဖိုးတန်သတ္တုများသည် ၂၀၂၅ ခုနှစ်တွင် မြင့်တက်လာခဲ့ပြီး ရွှေသည် ၁၉၇၉ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး နှစ်စဉ် အမြတ်ငွေရခဲ့တဲ့ ကုန်စည်ဖြစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
REF: RT
#News #MNP


No comments:
Post a Comment