ဖေဖော်ဝါရီ - ၃ ( အင်္ဂါနေ့ )
မနေ့က အီဂျစ်နဲ့ ဂါဇာကမ်းမြှောင်ဒေသရဲ့ ရာဖာမြို့နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိုက်ပြီးနောက်မှာတော့ အီဂျစ်နိုင်ငံဘက်မှာ ရှိနေတဲ့ နိုင်ငံတကာ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေက ဂိတ်ကိုဖြတ်ပြီး ဝင်ရောက်လာတဲ့နေရာမှာ နိုင်ငံတကာ သတင်းထောက်တွေကို ပေးမဝင်နိုင်ဘူးလို့ အစ္စရေးဘက်က ငြင်းဆန်ထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဝန်ကြီးဌာနမှ လူပေါင်း ၂၀၀၀၀ ခန့်ကို ဆေးဘက်ဆိုင်ရာ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်နေသော်လည်း စစ်ဒဏ်ခံခဲ့ရသော နယ်မြေ၏ အဓိက ဝင်ပေါက်မှာ နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရပါတယ်။ အစ္စရေးစစ်တပ်က တနင်္လာနေ့တွင် လူနာ ၂၂,၀၀၀ တွင် ငါးဦးကိုသာ ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ ဂါဇာရှိဆေးရုံတစ်ခုရဲ့ဒါရိုက်တာ က "အစ္စရေးသည် ထောင်နှင့်ချီပြီး ပိတ်မိနေတဲ့ သူတွေအပေါ် စုပေါင်းပြစ်ဒဏ်ကို ကျင့်သုံးနေတယ်။ အဲ့ဒါက လူသတ်မှုဖြစ်စေတဲ့ ခြိမ်းခြောက်မှုပါပဲ" လို့ ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အကူအညီပေးရေးကို ထိန်းချုပ်တဲ့ အစ္စရေးစစ်အေဂျင်စီ COGAT က ဂါဇာကမ်းမြောင် ဒေသခံများ အတွက် လမ်းကြောင်းနှစ်ခုစလုံးကို ခြေလျင်ဖြတ်ကာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ၎င်းစစ်ဆင်ရေးကို အီဂျစ်နှင့် အီးယူတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။
အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးသော်လည်း သတင်းရင်းမြစ်များက နေ့စဉ် လူ ၅၀ မှ ၁၅၀ အကြား နယ်မြေအတွင်းမှ ထွက်ခွာခွင့်ပြုမယ် လို့ သိရပါတယ်။ စစ်မဖြစ်မီက အီဂျစ်နှင့် ရာဖာမြို့ နယ်စပ်ဖြတ်ကျော်မှုက ဂါဇန်အများစုအတွက် ပြင်ပကမ္ဘာသို့ရောက်ရှိရန် တစ်ခုတည်းသော တိုက်ရိုက် ထွက်ပေါက် ဖြစ်သလို နယ်မြေအတွင်းသို့ အကူအညီများအတွက် အဓိကဝင်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ ပြန်လည်ဖွင့်လှစ်နေသော်လည်း အစ္စရေးသည် နိုင်ငံခြားသတင်းထောက်များ ဝင်ရောက်ခွင့်ကို ဆက်လက် ငြင်းဆိုထားပါတယ်။
နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခြင်းသည် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲများအဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဓိကလိုအပ်ချက်ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတင်အသက်ဝင်ခဲ့ပါတယ်။ သို့သော်လည်း အစ္စရေးသည် ဂါဇာရှိ နောက်ဆုံးဓားစာခံများ၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးရန် ဟားမတ်စ်ကို တောင်းဆိုခဲ့ပြီး ယခုအချိန်အထိ ဟားမတ်စ်များ နယ်စပ်ဖြတ်ကျော်မှုကို ခွင့်ပြုရန် ငြင်းဆိုထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment