မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးပေါင်မြို့နယ်၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးပေါင်မြို့နယ်၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားတက်ရောက်





ပေါင်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ( ၇၉ )နှစ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၌ ယမန်နေ့နံနက်ပိုင်းက  ကျင်းပခဲ့ရာအခမ်းအနားကျင်းပရေး သဘာပတိဥက္ကဌ၊ ပေါင်မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသနှင့်ဆရာတော်/ သံဃာတော်များ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊  မွန်ညီညွတ်ရေးပါတီ (ဗဟို) ဥက္ကဋ္ဌ နိုင်လဝီအောင် နှင့် ကော်မတီဝင်များ၊ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မွန်အလံကိုင်လူငယ်အဖွဲ့ဝင်များနှင့် ဘင်ခရာအဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသား/သူ များ‎  စုစုပေါင်းအင်အား ၁၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ (၇၉)နှစ်မြောက် မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီးတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ သဘာပတိ ဆရာတော် ‎ဘဒ္ဒန္တစန္ဒောဘာသမှ အဖွင့် သြဝါဒဂါထာ မြွက်ကြားပြီး သဘာပတိကြီး နိုင်မွန်စိန်အောင်မှ သဘာပတိမိန့်ခွန်း ပြောကြားခြင်းအားလည်းကောင်း ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံမှ ပေးပို့သော မွန်အမျိုးသားနေ့ သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး မှ ဖတ်ကြားခြင်းအားလည်‌ကောင်း၊  မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းထံမှ ပေးပို့သော မွန်အမျိုးသားနေ့ သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဖတ်ကြားခြင်းအားလည်ကောင်း၊ မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရေးကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်မောင်အေးမှ (၇၉) ကြိမ်မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ကော်မတီ၏ မိန့်ခွန်းအား ဖတ်ကြားခြင်းအားလည်ကောင်း  မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေး မှ  မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်း ၊ မွန်အမျိုးသားနေ့  မြေစိုက်ပိုစတာပါ အကြောင်း အရာများ နှင့် မွန်စာပေယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဖတ်ကြားခြင်းကိုလည်ကောင်း၊ မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများ နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်းမှ တင်ပြခြင်းများအားလည်ကောင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက်အခမ်းအနားကျင်းပရေးအတွက် ရန်ပုံငွေ သိန်း (၇၀၀) ပံ့ပိုးပေးသော မွန်ပြည်အစိုးရအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက လက်ခံရယူခဲ့ပြီး မွန်အလံကိုင်အဖွဲ့နှင့် ဘင်ခရာ အဖွဲ့များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းနှင့် သဘာပတိအဖွဲ့များပြန်လည်ထွက်ခွာခြင်းများ ဆောင် ရွက်ခဲ့ပြီး  မွန်အဆိုအကများဖြင့် ကပြဖျော်ဖြေ၍ တက်ရောက်လာသူများအား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)