ဖေဖော်ဝါရီ - ၄ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ် ဆိုက်ဘာရာဇဝတ်မှု အာဏာပိုင်များသည် ပါရီမြို့ရှိ ကမ္ဘာ့သူဌေးကြီး အီလွန်မက်စ် ပိုင်တဲ့ အိတ်စ် ဆိုရှယ်မီဒီယာ ရုံးခန်းများကို အင်္ဂါနေ့တွင် ရှာဖွေခဲ့ရာ ကုမ္ပဏီသည် အချက်အလက်များကို တရားမဝင် သိမ်းဆည်းထားခြင်း နဲ့ ကလေးညစ်ညမ်းရုပ်ပုံများ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းတွင် ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ သံသယဖြင့် စုံစမ်းရှာဖွေခဲ့ပါတယ်။
အိတ်စ်ဆိုရှယ်မီဒီယာ ပလက်ဖောင်း နဲ့ ၎င်းရဲ့ အေအိုင်ချက်ဘော့ ဖြစ်တဲ့ ဂျီရော့ခ် တို့ကို တစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပါရီအစိုးရရှေ့နေရုံးမှ အဆောက်အအုံများကို ဝင်ရောက်စီးနင်းစေခဲ့ကာ ဧပြီလတွင် ကြားနာစစ်ဆေးရန် ပိုင်ရှင် မက်စ် နဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း လင်ဒါယက်ကရီနို တို့ကို အမိန့်ထုတ်ပြန်ပေးခဲ့ပါတယ်။
ပလက်ဖောင်းပေါ်ရှိ အဲ့ဒိအကောင့်ကို ပိတ်ထားကြောင်း အတည်ပြုသည့် အစိုးရရှေ့နေရုံး၏အဆိုအရ ဒေသတွင်း ဝန်ထမ်းများကိုလည်း မေးမြန်းစစ်ဆေးရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဂျီရော့ခ် ကို အသုံးပြုပြီး အမျိုးသမီးများနှင့် ကလေးများ၏ လိင်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်များကို ဖန်တီးရန်နှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုမှ လိမ်လည်လှည့်ဖြားသည့် အချက်အလက်များ ထုတ်ယူမှု စွပ်စွဲချက်များအတွက် ဂျီရော့ခ်ကို အသုံးပြုခြင်းဖြင့် လူအများ၏ ပုံရိပ်အခွင့်အရေးများကို ချိုးဖောက်မှုများလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည့် အယ်လဂိုရီသမ်များကို အလွဲသုံးစားလုပ်မှုအပေါ် အာရုံစိုက်ထားသည့် စုံစမ်းစစ်ဆေးမှုသည် "လိင်ပိုင်းဆိုင်ရာ နက်ရှိုင်းသောအတုအယောင်ပုံတွေ"ပါနေတယ် လို့ ပါရီအစိုးရရှေ့နေ လော်ရီဘက်ဆူး ကဆိုပါတယ်။
ပြင်သစ်စုံစမ်းစစ်ဆေးမှုသည် လွတ်လပ်စွာပြောဆိုခွင့်ကို နိုင်ငံရေးအရ လှုံ့ဆော်တိုက်ခိုက်မှုဖြစ်ပြီး စွဲချက်အားလုံးကိုမှားယွင်းနေကြောင်း ငြင်းပယ်ခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းတွင် ဗြိတိန်သတင်းအချက်အလက် ထိန်းချုပ်ရေးမှူးက အိတ်စ် အေအိုင် နဲ့ ဂျီရော့ခ် တို့ကို စုံစမ်းဖော်ထုတ်ခဲ့ရာ အန္တရာယ်ပြု လိင်ပိုင်းဆိုင်ရာ ရုပ်ပုံများနှင့် ဗီဒီယိုများ ထုတ်လုပ်နိုင်မှုသည် အများပြည်သူ အတွက် သိသိသာသာအန္တရာယ်ဖြစ်စေနိုင်ခြေရှိကြောင်း ပြောကြားခဲ့ပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment