ကော့သောင်းမြို့တွင် (၂၄) ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာပြန်စာမေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် (၂၄) ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာပြန်စာမေးပွဲ ကျင်းပ




ကော့သောင်း  ၊ ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်သံဃနာယကမှ ကြီးမှူးကျင်းပသော (၂၄) ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့ထိ ကော့သောင်းမြို့ပြည်‌တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ ယနေ့နေ့လယ် (၁၂) နာရီတွင် စာဖြေသံဃာဝောာ်၊ ရှင်သာမဏေ၊ သီလရှင်များ ရေးဖြေစာမေးပွဲ (ပထမနေ့) ကို စတင်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲကျင်းပရာတွင် ယမန်နေ့ အလှူငွေတော်များ ပေးအပ်လှူဒါန်းပွဲနှင့် စာပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဥပစာရတန်း (မူလတန်းငယ်) ရှင်သာမဏေ (၈၄) ပါးက (ခုနှစ်ရက်ဘုရားရှိခိုး၊ ပရိတ်ကြီး (၁၁) သုတ်၊ ရှင်ကျင့်ဝတ်) များ အာဂုံပြန်ဆိုခဲ့ကြပြီး ယနေ့ရေး‌ဖြေစာမေးပွဲ (ပထမနေ့) တွင် ကော့သောင်းမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ အခြေပြုမူလတန်း ရှင်သာမဏေ/သီလရှင် (၃၆) ပါးက ဝိနည်းကျင့်ဝတ်ဘာသာ၊ ပထမငယ်တန်းရှင်သာမဏေ (၂၀) ပါးက ဝိနည်းကျင့်ဝတ်ဘာသာ၊ ပထမလတ်တန်းရှင်သာမဏေ/သီလရှင် (၉) ပါးက ဝိနည်းကျင့်ဝတ်ဘာသာ/ ဓမ္မပဒဘာသာနှင့် ပထမကြီးတန်းသံဃာတော်/ ရှင်သာမဏေ (၅) ပါးက ဝိနည်းကျင့်ဝတ်ဘာသာများ ဖြေဆိုကြရာ ကော့သောင်းမြို့နယ် သံဃနာယကဆရာတော်များ၊ ပုစ္ဆက၊ ဝိသဇ္ဇကဆရာတော်ကြီးများ စာထောက်စာမဆရာတော်ကြီးများ၊ ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲဖြစ်မြောက်ရေး လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (၂၄) ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပြန်စာမေးပွဲ (ရေး‌‌ဖြေ) ကို ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ (၂၄) ရက်ထိ (၃) ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၃) ရက်နေ့ (ဒုတိယနေ့) တွင် ကစ္စည်းသဒ္ဒါဘာသာရပ်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၂၄) ရက်နေ့ (တတိယနေ့) တွင် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်အား ဆက်လက်ဖြေ‌ဆိုရမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)