ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




ရန်ကုန် ၊  ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နေ့လယ်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ဗိုလ်ချုပ်လမ်းထိပ်၊ အဆင့်မြှင့်မှတ်တိုင်အနီးနှင့် ပီမိုးနင်းလမ်းထိပ်တို့တွင် လူသွားပလက်ဖောင်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီးတစ်လျှောက် တညင်းကုန်းလမ်းဆုံ ရထားသံလမ်းအနီးတွင် ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းနှင့် လမ်းမီးတိုင်များ ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်အနီး တကူခြံချောင်းတံတားတိုးချဲ့တည်ဆောက်နေမှုအားလည်းကောင်း၊ ကန်သာယာလမ်းဆုံအနီး ၆၆ KV လှော်ကားရွာမသံမဏိ ဓာတ်အားလိုင်းတိုင်ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့တွင် အုတ်ဖိုချောင်းတံတားတိုးချဲ့တည်ဆောက်ခြင်း၊ ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းနှင့် လမ်းရှိလမ်းလယ်ပန်းဘောက်နှင့် လျှပ်စစ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ လိပ်ပုတ်ချောင်းအနီး ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)