လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် Golden Hands Marketing Envent အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် Golden Hands Marketing Envent အခမ်းအနားကျင်းပ




လူထုအခြေပြုဗဟိုဌာန (ဗဟန်း ) ၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် နံနက် ၉ နာရီအချိန်တွင် Golden Hands Marketing Envent အခမ်းအနားကျင်းပပြုလုပ်ကြောင်း သိရပါသည်။

ရှေးဦးစွာ အခမ်းအနားကို World Health Institute Myanmar အသင်းမှ National Director ဒေါ်ရှင်းသန့်ရွှေစင် ကနုတ်ခွန်းဆက်အမှာစကားပြောကြားပြီး Project Leader ဒေါ်မေရီဖြိုးက ပွဲကျင်းပပြုလုပ်ရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ စကားဝိုင်းကျင်းပပြုလုပ်ရာတွင် National Director ဒေါ်ရှင်းသန့်ရွှေစင်နှင့် အမျိုးသမီးလက်မှုပညာရှင်အဖွဲ့မှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားအပြီးတွင် လက်မှုပညာရှင်များမှ ကိုယ်တိုင်ပြုလုပ်ထားသော ပန်းချီကားများ ၊အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်းများကို ရောင်းချပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များမှ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရပါသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)