မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ နွေစပါးစိုက်ပျိုးရန် စတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ နွေစပါးစိုက်ပျိုးရန် စတင်ဆောင်ရွက်



မြို့သစ်    ၊ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိသဖြင့် စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က တောင်သူဦးလှမြင့်ကြည်ပါ။ ဆည်ကနေ ရေရရှိပြီဖြစ်တဲ့အတွက် နွေစပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရန်အတွက် ထယ်ရေးပြင်ဆင်နေပါပြီ။ ကျွန်တော့်လယ်က ကွင်းအမှတ် ၁၃၀၂၊ ဈေးရပ်ကွင်း၊ ဦးပိုင်အမှတ် ၂၊ နတ်မောက်ဆည်ရေသောက်ပါ။ နွေစပါးဆိုတော့ သက်တမ်းတိုစပါးမျိုးဖြစ်တဲ့ အောင်နိုင်တိုးစပါးမျိုးစိုက်မှာပါ။  စိုက်မယ့် လယ်ဧက ၅ ဧက ရှိပါတယ်။ လေး၊ ငါးလနေရင်တော့ ရိတ်သိမ်းရမှာပါ” ဟုပြောကြားခဲ့သည်။

မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများနွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်၍ စိုက်ပျိုးရေပေးဝေလျက်ရှိပြီး  နွေစပါးလျာထားဧက (၅၇၈၄)ဧကနှင့် နွေနှမ်းလျာထားဧက (၄၀၉၂ )ဧက၊ စုစုပေါင်း (၉၈၇၆) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းအိဇွန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)