- Myanmar National Post

Myanmar National Post

News Agency

Breaking


မြန်အောင်  ၊ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ မကျီးစုကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ မြန်အောင် တာမိုင် ၅/၅ နှင့် ၅/၇ ကြား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးကြောင်း သိရသည်။

မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးအနီး ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဘိုးပိုင်အခြေပြု Gabion Box ကမ်းထိန်းတမံတည်ဆောက်ခြင်းအလျား (၃၅၀)ပေအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်လည်ကောင်း၊ မြန်အောင်မြို့ မကျီးစုကျေးရွာ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဘိုးပိုင်အခြေပြုကျောက်စီတမံ တည်ဆောက်ခြင်းအလျား (၁၅၀) ပေအား ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်လည်ကောင်း၊ မြန်အောင် တာမိုင် ၅/၅ နှင့်၅/၇ ကြား ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းအလျား (၁၇၅) ပေတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွ်ဖြင့်လည်ကောင်း လုပ်ငန်းသုံးပစ္စည်းတင်ဒါခေါ်ယူ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဇော်ဦးထံမှ သိရှိရသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် လွန်ဆေးမြိုင်ပန်းခြံအနီး အလျား ၂၀၀ ပေ၊ မြန်အောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး အလျား ၁၅၀ ပေ၊ မြန်အောင်မြို့ မကျီးစုကျေးရွာ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အလျား ၃၀၀ ပေ ဆက်လက်ဆောင်ရွက်သွားရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဇော်ဦးထံမှ သိရှိရသည်။

 ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)