သင်္ဃန်းကျွန်း ၊ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ (၂၁ ကီလို)၊ (၁၀ ကီလို)နှင့် (၅ ကီလို) ပြိုင်ပွဲများအား ယနေ့ နံနက် ၅ နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)မှ သေနတ်ပစ်ဖောက်တာလွှတ်ပြီး မာရသွန်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် (၉)ကြိမ်မြောက် ကျင်းပရခြင်းဖြစ်ကြောင်း၊ အပြေးအားကစားအား ပြည်သူများ ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း/ပြည်ပမှ စိတ်ဝင်စားမှုရရှိရန်နှင့် အဖွဲ့အစည်းများအား ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဆုချီးမြှင့်ငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဟု ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ ရိုးမ-ရန်ကုန်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ (၇၀၀၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး ဆုရရှိသည့် အားကစားသမားများအား ရိုးမ-ရန်ကုန်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment