ပဲခူးမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၉)မျိုး အခမဲ့သင်ကြား ပေးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၉)မျိုး အခမဲ့သင်ကြား ပေးမည်




ပဲခူး  ၊ ဖေဖော်ဝါရီ ၂၂

ပဲခူးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်း (၉)မျိုးကို အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ ၃ ရက်နေ့မှ မတ်လ ၃ဝ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး  ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းတွင် ဘောလုံး၊ တိုင်းဒေသကြီးလူငယ်စင်တာခန်းမနှင့် တိုင်းအားကစားခန်းမတွင် အေရိုးဗစ်၊ Fitness Dance၊ ကာရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပုဏ္ဏားစုကျောင်းတွင် မြန်မာ့သိုင်း၊ ဟင်္သာတင်းနစ်ကွင်းတွင် တင်းနစ် စသည့်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)