
မြစ်သား ၊ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုး နိုင်ရန်ရည်ရွယ်၍ ကင်းတားတမံရေလွှဲဆည်မှ ဆည်ရေများကို ယနေ့မှစတင်ပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်း သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားစေရေးအတွက် ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစွာရယူသုံးစွဲနိုင်ရန် နှစ်စဥ်ကင်းတားရေလွှဲဆည်မှ ဆည်ရေများကို လက်ဝဲ၊ လက်ယာနှင့် ပန်းလောင်ရေသောက်စနစ်ရှိမြောင်းများမှတစ်ဆင့် စိုက်ခင်းများအရောက် စနစ်တကျ ရေဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများ နွေစပါးနှင့်အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးသွားနိုင်ရေးအတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီအတွက် ဒေသရှိတောင်သူများနွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် ဆည်ရေပေးဝေမှုအနေနှင့် ဆည်ရေသောက်သီးနှံများဖြစ်သည့် နွေစပါး၊ နွေနှမ်းနှင့်အခြား နွေသီးနှံများအတွက် ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ဒေသခံတောင်သူများက စိုက်ပျိုးရေများရယူသုံးစွဲရာတွင် ဆည်ရေလေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျရယူသုံးစွဲကြဖို့ ကြိုတင်အသိပေးနှိုးဆော်ထားကြောင်း မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment