မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 



မိတ္ထီလာ  ၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မန္တလေးလမ်းမှ လျှော်ဖြူကန်-ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအရှည် ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ လမ်းအကျယ် ၄ ဒသမ ၂၇  မီတာ၊ ထု ၇၅ မီလီမီတာရှိ လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်းနှင့် အရှည် ၁ ဒသမ ၅၂ မီတာ၊ အကျယ် ၇ ဒသမ ၃၂ မီတာ၊ အမြင့် ၁ ဒသမ ၅၂ မီတာရှိ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) အထွေထွေပိုလျှံရန်ပုံငွေကျပ် ၁၁၀ ဒသမ ၆၄၂ သန်းအသုံးပြု၍ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)