ထရမ့်က အီရန်ကို ဖျက်ဆီးချင်တိုင်း ဖျက်ဆီး လို့မရပါဘူး လို့ ခါမေနီပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က အီရန်ကို ဖျက်ဆီးချင်တိုင်း ဖျက်ဆီး လို့မရပါဘူး လို့ ခါမေနီပြောပြီ


ဖေဖော်ဝါရီ - ၁၈ (ဗုဒ္ဓဟူးနေ့ ) 

အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အီရန်နိုင်ငံမှာ “အစိုးရအပြောင်းအလဲ” နဲ့ ပတ်သက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သဘောထားမှတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်နိုင်ငံ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အီရန်နိုင်ငံကို ဖျက်ဆီးရာတွင် အောင်မြင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန်က အီရန်ကို ၎င်း၏နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန် ဖိအားပေးနေချိန်တွင် အီရန်ဘက်ကတော့ နျူ့ကလီယ လုပ်ငန်းတွေက တိုင်းပြည်ရဲ့ မွေးရာပါအခွင့်အရေးဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့သည့် သီတင်းပတ်က ပါရှန်ပင်လယ်ကွေ့တွင် ကြီးမားသော အမေရိကန်စစ်အင်အား စုရုံးလာခြင်းကြောင့် အီရန်တွင် အစိုးရအပြောင်းအလဲလုပ်လိုက်တာက အကောင်းဆုံးဖြစ်လာနိုင်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ 

ဝါရှင်တန်နှင့် တီဟီရန်တို့မှ ကိုယ်စားလှယ်များက ဂျီနီဗာမြို့တွင် နျူကလီးယား ဆွေးနွေးပွဲများ မနေ့က လုပ်နေစဉ်ကာလအတွင်း  ရုပ်မြင်သံကြား မိန့်ခွန်းတွင် ခါမေနီက အမေရိကန်သည် အီရန်နိုင်ငံကို ဖျက်ဆီးရန် ကြိုးပမ်းရာတွင် အောင်မြင်မည်မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

သူ့ရဲ့ မကြာသေးမီက မိန့်ခွန်းတစ်ခုမှာ၊ အမေရိကန်သမ္မတတွေက အစ္စလမ်မစ်သမ္မတနိုင်ငံကို ဖျက်ဆီးဖို့ (၄၇) နှစ်ကြာအောင်ကြိုးစားနေတာ မအောင်မြင်ခဲ့ဘူးလို့ ပြောခဲ့တယ်၊ ကျွန်တော် ခင်ဗျားကို ပြောလိုက်မယ်၊ အောင်မြင်မှာ မဟုတ်ဘူး” လို့ ခါမေနီက ပြောကြားခဲ့ပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)