ပဲခူး ၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှ တရားဝင်အတည်ပြုခန့်အပ်ခြင်းခံရသော တပ်ဖွဲ့ဝင်အရာရှိ(၆)ဦးအား ရာထူးခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နှုတ်ခွန်းဆက်စကားပြောကြားကာ တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးဟန်အောင်က ရာထူးခန့်အပ်လွှာပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဗဟိုအုပ်ချုပ်ရေးအဖွဲ့မှ တရားဝင်အတည်ပြုခန့်အပ်ခြင်းခံရသော တပ်ဖွဲ့ဝင်အရာရှိ(၆)ဦးအား ရာထူးခန့်အပ်လွှာများကို ပဲခူးတိုင်းဒေသကြီး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များက ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများတွင် ပြည်သူလူထုများအတွက် လူမှုကရုဏာဆိုင်ရာလုပ်ငန်းများကို စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လက်ခံရယူခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် အလှူရှင်များက အလှူငွေများအသီးသီးပေးအပ်လှူဒါန်းကြပြီး ရာထူးခန့်အပ်လွှာပေးအပ်ခြင်းခံရသည့် တပ်ဖွဲ့ဝင်အရာရှိများကိုယ်စား သဲကုန်းမြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်ကျော်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment