မယ်စဲ့မြို့နယ်ရှိ သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မယ်စဲ့မြို့နယ်ရှိ သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း)အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက ယနေ့နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများအနေဖြင့် ဖားဆောင်းမြို့အားပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော တပ်မတော် စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင် ရွက်နိုင်စေရန်နှင့် ၎င်းတို့အား လိုက်လံချေမှုန်းခြင်းများ မဆောင်ရွက်နိုင်စေရန် အတွက် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ်၊ ၀/၃ နှင့် ၀/၄ ကြားရှိ အများပြည်သူအားထား အသုံးပြု လျက်ရှိသည့် အရှည် ၁၂၆၀ ပေ၊ အကျယ် ၂၄ ပေ၊ သံကူကွန်ကရစ် အမျိုးအစား သံလွင်တံတား(ဖားဆောင်း)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါ တံတား၏ အနောက်ဘက်ကမ်းကပ်ခုံမှ အရှည် ၂၅၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန် တကယ်တွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှု၍ ယုတ်မာရိုင်းစိုင်းစွာဖြင့် အများပြည်သူအဓိကသွားလာရာနှင့် ကုန်စည်များ စီးဆင်းရာတွင် အဓိကအားထား အသုံးပြုနေသော စစ်ရေးပစ်မှတ်မဟုတ်သည့် သံလွင်တံတား(ဖားဆောင်း)အား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာ နစ်နာ ဆုံးရှုံးခဲ့ရသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် ယာဉ်များ ဖြတ်သန်း သွားလာနိုင်မှုမရှိကြောင်း သိရှိရပြီး တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းစဉ်များတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)