ဖေဖော်ဝါရီ - ၁၂ ( ကြာသပတေးနေ့)
ကနေဒါနိုင်ငံ၊ သမ်ဘလာရစ်မြို့က စာသင်ကျောင်းတစ်ခုကို သေနတ်နဲ့ ဝင်ပစ်ပြီး လူကိုးဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို ရဲတပ်ဖွဲ့က ဂျက်ဆီဗန်ရုဆဲလားလို့ နာမည်ရတဲ့ အသက် ၁၈နှစ်အရွယ် လိင်ပြောင်း တစ်ယောက် ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ၎င်းက ဇီဝဆိုင်ရာ အမျိုးသားအဖြစ်မွေးခဲ့ပေမဲ့ အမျိုးသမီးအဖြစ် လိင်ပြောင်းခဲ့တဲ့သူပါ။
အင်္ဂါနေ့မွန်းလွဲပိုင်းက ဗြိတိန်ကိုလံဘီယာပြည်နယ် သမ်ဘယ်ရစ် ရှိ အထက်တန်းကျောင်းတွင် လူနှစ်ဦးနှင့် အခြားလူခုနစ်ဦးကို အိမ်တွင်းဝတ် “၀တ်စုံဝတ်ဆင်ထားသော အမျိုးသမီး” လို့ ကနဦးတွင် သံသယရှိသူတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ပါတယ်။ သေနတ်သမားက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းမပြုမီ အခြား ၂၅ ဦး ကိုလည်း ပတ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် တော်ဝင်ကနေဒါတောင်ပေါ် ရဲ့တပ်ဖွဲ့ (RCMP) လက်ထောက်ကော်မရှင်နာ က သံသယရှိသူအား “ဂျက်စီဗန်ရုဆဲလား” ဆိုတဲ့ အမျိုးသမီးလို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှ သူမက ၁၂ နှစ်အရွယ် မှာ လိင်ပြောင်းထားတဲ့ အမျိုးသားလို့ သိရပါတယ်။ သူမက သူမရဲ့အိမ်က အမေနဲ့ အကိုကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဂျက်ဆီက လိင်ပြောင်းဖြစ်တယ် ဆိုတာကို သူ့ရဲ့ဦးလေးက ထုတ်ဖော်ပြောလို့ မီဒီယာက သိခဲ့ရပါတယ်။
အခုဖြစ်ခဲ့တဲ့ အမှုက ကနေဒါမှာ ၂၀၁၈ နောက်ပိုင်းမှာ တတိယအကြိမ်မြောက် လူအုပ်စုထဲကို သေနတ်နဲ့ဝင်ပစ်တဲ့ အမှုဖြစ်ပြီး အသေအပျောက်များတဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။ အရင်တုန်းကလည်း ရော်ဘင်ဆိုတဲ့ သူက ဘုရားကျောင်းထဲက ဝတ်ပြုတဲ့သူတွေကို ဝင်ပစ်တာ ၂ ယောက်သေပြီး ၃၀ ကျော် ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment