ဗြိတိန်က ရွှေ့ပြောင်းတွေရဲ့ နယ်ချဲ့တာကို ခံနေရပြီလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗြိတိန်က ရွှေ့ပြောင်းတွေရဲ့ နယ်ချဲ့တာကို ခံနေရပြီလို့ ဆို


ဖေဖော်ဝါရီ - ၁၂ ( ကြာသပတေးနေ့ ) 

ဗြိတိန် ဓာတုဗေဒလုပ်ငန်း သူဌေးကြီး ဂျင်မ်ရတ်ကလစ်ဖ် ( ၇၃ နှစ်)  က နိုင်ငံတွင်းမှာ စီးပွားရေး ပြဿနာများဝင်လာခြင်း က  နိုင်ငံခြားသားများ လျင်မြန်စွာ ဝင်ရောက်လာမှုလို့ အပြစ်တင်ခဲ့ပြီး ဗြိတိန်သည် “ရွှေ့ပြောင်းနေထိုင်သူများရဲ့ နယ်ချဲ့ခြင်းကို ခံနေရတယ်”လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ် ကီယာ စတာမာ က  ဝေဖန်ခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့က Sky News သတင်းဌာန နဲ့  အင်တာဗျူးမှာ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို ပူးတွဲပိုင်ဆိုင်တဲ့ INEOS ဓာတုဗေဒပစ္စည်းအဖွဲ့ရဲ့ တည်ထောင်သူ ရက်ကလစ်ဖ် က "ဗြိတိန်မှာ ရွေ့ပြောင်းတွေက လူ ၉ သန်းလောက် ရှိနေတယ်၊ အဲ့လောက်ကြီး အဝင်ခံထားတော့ တိုင်ပြည်စီးပွားရေးကို ဘယ်လိုတည်ဆောက် လို့ ရမလဲ” လို့ သူက ပြောခဲ့ပါတယ်။ 

"ယူကေကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နယ်ချဲ့မှုခံနေရတယ် မဟုတ်လား၊ ယူကေ ရဲ့ လူဦးရေက ၂၀၂၀ မှာ ၅၈ သန်းရှိခဲ့တယ်။ အခု သန်း ၇၀ ကျော်သွားပြီ၊ ၁၂ သန်းတောင် တိုးလာတာနော်” လို့ ပြောပါတယ်။ အစိုးရ အချက်အလက်များအရ ဗြိတိန်လူဦးရေသည် ၁၉၉၅ ခုနှစ်တွင် ၅၈ သန်းကျော်နှင့် ၂၀၂၀ ခုနှစ်တွင် ၆၆ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ် စတာမာ ကတော့ ရက်ကလစ်ဖ် က  "ပုတ်ခတ်မှုနှင့် မှားယွင်းသော" မှတ်ချက်များအတွက် တောင်းပန်သင့်ပြီး ယူကေ သည် "ဂုဏ်သိက္ခာ နဲ့  သည်းခံပြီး အခြားနိုင်ငံတွေနဲ့ ကွဲပြားသောနိုင်ငံ" ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရက်ကလစ်ဖ် က ကန်ဒေါ်လာ ၂၃ .၂၂ ဘီလီယံ ချမ်းသာတဲ့ ဗြိတိန်ရဲ့ သတ္တမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက ၂၀၂၄ ဖေဖော်ဝါရီလတွင် မန်ချက်စတာယူနိုက်တက်ရဲ့ အစုရှယ်ယာတစ်ခုကို ဝယ်ယူခဲ့ပြီး ၂၀၂၁ မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်ကို ပေါင်သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ သူဖြစ်ပါတယ်။ စတာမာ အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်မှုကို လိုလားသော လုပ်ဆောင်ချက်များကို သူက မထောက်ခံပါဘူး။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)