တရုတ် ၊ ရုရှား နဲ့ အီရန်တို့ ပေါင်းပြီး စစ်ရေးလေ့ကျင့်မှု လုပ်မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ် ၊ ရုရှား နဲ့ အီရန်တို့ ပေါင်းပြီး စစ်ရေးလေ့ကျင့်မှု လုပ်မယ်


ဖေဖော်ဝါရီ - ၁၉ ( ကြာသပတေးနေ့ ) 

ရုရှား၊ တရုတ်နှင့် အီရန်တို့သည် ပင်လယ်ပြင်တွင် ကမ္ဘာလုံးဆိုင်ရာ ပါဝါချိန်ခွင်လျှာကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ပြီး ကြီးထွားလာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက် နီကိုလေ ပက်ရုယက်ဗ်က ပြောကြားခဲ့ပါတယ်။ 

အီရန်နိုင်ငံ ကမ်းလွန်ရေပြင်တွင် စစ်ရေးလေ့ကျင့်ရန်အတွက် သုံးနိုင်ငံမှ စစ်သင်္ဘောများကို စေလွှတ်လိုက်ကြောင်း ၎င်းက ရုရှားသတင်းအေဂျင်စီတစ်ခုတွင် အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နှစ်ရှည်လများ အနောက်နိုင်ငံတွေရဲ့ လှုံ့ဆော်မှုကို  တုံ့ပြန်သည့်အနေဖြင့် “သမုဒ္ဒရာများပေါ်ရှိ ကမ္ဘာနဲ့ဆိုင်တဲ့ အစီအစဉ်တစ်ခု” တည်ဆောက်ရန် ပူးတွဲကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရေကြောင်းလုံခြုံရေး ခါးပတ် လို့ လူသိများတဲ့ အဲ့ဒိစစ်ရေးလေ့ကျင့်မှုတွေကို အိုမန်ပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတို့မှာ ဒီလထဲမှာပဲ ကျင်းပဖို့ စီစဉ်ထားပြီး သုံးနိုင်ငံလုံးက ရေယာဉ်တွေနဲ့ လေယာဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။ အီရန်နိုင်ငံက တောင်းဆိုခဲ့တဲ့ အဲ့ဒိစစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်တုန်းကတော့ တရုတ်နိုင်ငံ မပါဝင်ခဲ့ပါဘူး။ 

ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတဝိုက်တွင် မကြာသေးမီက စစ်ရေးတင်းမာမှုများကို ကိုးကား၍ “စစ်ရေးကျူးကျော်မှု” နှင့် “စစ်သင်္ဘော သံတမန်ရေး” ပြန်လည်ထူထောင်ရန်အတွက် စစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်တာပါလို့ ဆိုပါတယ်။ “အနောက်နိုင်ငံတွေက ပင်လယ်တွေကို ဒီရာစုအစပိုင်းအထိ အချိန်အတော်ကြာအောင် စိုးမိုးထားခဲ့ပေမယ့် အခုတော့ သူတို့ရဲ့ လွှမ်းမိုးမှုက အရင်တုန်းက ပုံစံလိုမျိုးမဟုတ်တော့ဘူး ဆိုတာကို ပြသရတော့မှာ ဖြစ်ပါတယ်” လို့ ပက်ရုယက်ဗ် က ပြောပါတယ်။ 

ရုရှား နဲ့ အီရန်နိုင်ငံတို့ ရဲ့ ပေါင်းစပ်ရေတပ် စစ်ရေးလေ့ကျင့်မှုအား ယခုသီတင်းပတ်အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း အီရန် ရေတပ်မှူး ဟတ်ဆန်မာဂဆိုလို က ပြောခဲ့ပါတယ်။  

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်ပြီး အင်္ဂါနေ့က ဂျီနီဗာတွင် အိုမန်မှ ကြားဝင်ဖျန်ဖြေပေးသော အမေရိကန်-အီရန် သွယ်ဝိုက်ဆွေးနွေးပွဲ ဒုတိယအကျော့ ထွက်ပေါ်လာပြီးနောက် အခု စစ်ရေးလေ့ကျင့်မှု သတင်း ထွက်လာတာပဲ ဖြစ်ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)