စလင်းမြို့နယ်တွင်၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် Grade-12 ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး Online ဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင်၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် Grade-12 ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး Online ဆွေးနွေးပွဲပြုလုပ်


စလင်း  ၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12  တက္ကသိုလ်ဝင်စာမေးပွဲ၊ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက၊ စလင်းမြို့ အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် (Online)ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးပို့ချရာတွင် မြန်မာစာပါမောက္ခ ဒေါက်တာလွင်လွင်မာဦး မြန်မာစာဌာန၊ ဒေါက်တာ မင်းမင်းမိုး ပါမောက္ခဌာနမှူး မကွေးတက္ကသိုလ် အင်္ဂလိပ်စာ ဒေါက်တာမွန်မွန်အောင် ပါမောက္ခ အင်္ဂလိပ်စာဌာနနှင့် ဘာသာရပ်အလိုက်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ စုစုပေါင်းဆရာ/မ(၁၀)ဦးတို့က Online စနစ်ဖြင့် စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံလေလုံအားကစားခန်းမတွင်   အ.ထ.က(၁)၊ အ.ထ.က (၂) အ.ထ.ကကံပြား၊ အ.ထ.က ခွဲဖောင်းလင်း၊ အ.ထ.က ခွဲဒါးဆွယ်ကန်၊ UHW ကပက၊ အ.ထ.ကတပ်တွင်း၊ အ.ထ.ကခွဲမောင်ကော့ကန်၊ အ.ထ.ကခွဲရုံးပင်ကန်၊ အ.ထ.ကခွဲဝက်သိုက်ကျောင်းများမှ  ကျောင်းသား ကျောင်းသူ အဖွဲ့(၁) စုစုပေါင်း(၃၈၆)ဦး၊ အ.ထ.က(ဆင်ဖြူကျွန်းကျောင်း) ကျောင်းခန်းမ၌ အ.ထ.ကဆင်ဖြူကျွန်း၊ အ.ထ.က ပြည်စိုးကုန်း၊ အ.ထ.ကသရက်ချဉ်၊ အ.ထ.ကတညောင်၊ စံနည်းပြကပတ၊ အေးရိပ်ညိုကပက၊ ရောင်ခြည်သစ်ကပက၊ စံပညာကပက၊ ကျောင်းများမှ ကျောင်းသား ကျောင်းသူ အဖွဲ့(၂)စုစုပေါင်း(၃၂၃)ဦးနှင့်   မြို့နယ်များမှ ဘာသာရပ်သင် ဆရာ/မ စုစုပေါင်း(၄၄)ဦးတို့အား  ဖေဖော်ဝါရီ(၁၈)ရက်မှ (၂၀)ရက်အထိ သုံးရက်တာ အနီးကပ်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (အတွင်း/အပြင်ဖြေ) စုစုပေါင်း(၇၀၉)ဦးတို့က မတ်လ(၁၁) ရက်နေ့မှစတင် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)