လွိုင်ကော် ၊ ဖေဖော်ဝါရီ ၁၉
ကယားပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးသည် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့ ရှမ်းစုရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ဒီးမော့ဆိုမြို့နယ်ထေရဝါရဗုဒ္ဓသာသနာပြုကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းမည့် ဒီးမော့ဆိုမြို့နယ် ထေရဝါရဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဩသဓဉာဏထံ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုနှင့် နဝကမ္မအလှူငွေများ လှူဒါန်းသည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တို့က ဆရာတော်များထံ နဝကမ္မအလှူငွေများ လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တပေါင်းလပြည်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် သာသနာရေးဆိုင်ရာနေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ ပူဇော်ခံဆရာတော်၊ သံဃာတော်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များ၊ လစ်ဟင်းမှုများမရှိစေရေးဆပ်ကော်မတီအလိုက် စီစဉ်ဆောင်ရွက်ရန်၊ ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ပြည်သူများပါဝင်လှူဒါန်းနိုင်ရေး နိုးဆော်အသိပေးရန်နှင့် စနစ်တကျစီမံဆောင်ရွက်ရန်စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆပ်ကော်မတီများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment