တောင်တွင်းကြီး ၊ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား Online စနစ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်တွင်းကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၊ ရန်ပယ်အားကစား မိုးလုံလေလုံခန်းမ၊ မြို့နယ်ပညာရေးမှူးရုံးအပေါ်ထပ် အစည်းအဝေးခန်းမတို့၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး မကွေးတက္ကသိုလ်စာစစ်မှူးချုပ်၊ ပါမောက္ခများက ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို သင်ကြားပေးလျက်ရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ မြို့ပေါ်ရှိကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး Online စနစ်ဖြင့် သင်ကြားပို့ချရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ဆရာ၊ ဆရာမ (၅၆)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၁၇၄)ဦး၊ မြို့နယ်ပညာရေးမှူးရုံးအပေါ်ထပ် အစည်းအဝေးခန်းမ၌ ဆရာ၊ ဆရာမ (၄၄) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး၊ ရန်ပယ်အားကစားကွင်း မိုးလုံလေလုံးခန်းမ၌ ဆရာ၊ ဆရာမ(၂၂)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး စုစုပေါင်း ဆရာ၊ ဆရာမ (၁၂၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၅၆၄)ဦးတို့အား နေရာ(၃)ခုတွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ (၃)ရက်တိုင်တိုင် သင်ကြားပို့ချခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)
https://t.me/MyanmarNationalPost

No comments:
Post a Comment