နတ်မောက် ၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက်(၉)နာရီက မြို့မဈေးအတွင်းလိုက် လံစစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ ဈေးကော်မတီဝင်များက ဒေသခံပြည်သူများမှအသားဆိုင်များတွင်ဝယ်ယူရာ၌ စိတ်ချမ်းသာစွာဝယ်ယူနိုင်စေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရန် အမဲသားတစ်ပိဿာ(၁၉,၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂၀,၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၁,၀၀၀)ကျပ် ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ အသားဈေးနှုန်းများကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့စျေးတာဝန်ခံက Hand Speaker ဖြင့်ကြေညာ၍ ရောင်းချပေးခြင်းတို့ကို နေ့စဉ်စောင့်ကြည့်ကြပ်မတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment