အာဖဂန်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့လို့ ပါကစ္စတန်ကို အိန္ဒိယက အပြစ်တင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဖဂန်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့လို့ ပါကစ္စတန်ကို အိန္ဒိယက အပြစ်တင်




ဖေဖော်ဝါရီ - ၂၄ ( အင်္ဂါနေ့ ) 

စနေနေ့က အာဖဂန်ဒေသအချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက်ကြောင့် လူ ၁၈ ဦီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အိန္ဒိယက အရပ်သားတွေ သေဆုံးမှု ဖြစ်တယ်လို့ ပါကစ္စတန်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 

အာဖဂန်အရှေ့ပိုင်းပြည်နယ် နန်ဂါဟာ နဲ့ ပက်တီကာ ဒေသတို့တွင် တနင်္ဂနွေနေ့အစောပိုင်းက အဆိုပါတိုက်ခိုက်မှု အလုပ်ခံ လိုက်ရတာပါ။ ပါကစ္စတန်ဘက်ကတော့ မကြာသေးမီက အစ္စလာမာဘတ်မှာ ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲမှု အပေါ် လက်စားချေတုံ့ပြန်မှုဖြစ်တယ်လို့  ခုခံကာကွယ်ခဲ့ပါတယ်။ 

“ရမဿန်လမြတ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံကို ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အိန္ဒိယက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့  အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ  က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။ သူက “၎င်းရဲ့ပြည်တွင်းရေးဆိုင်ရာ မအောင်မြင်မှုများကို ပြင်ပကို ပုံချဖို့အတွက် ပါကစ္စတန်ရဲ့ နောက်ထပ်ကြိုးပမ်းမှုတစ်ခုဖြစ်တယ်” လို့ ဆိုပါတယ်။ 

ယခုလအစောပိုင်းတွင် လူ ၃၁ ဦးထက်မနည်းသေဆုံးပြီး ၁၇၀ နီးပါးဒဏ်ရာရရှိခဲ့တဲ့ ရှီးယိုက်ဝတ်ပြုရာနေရာတစ်ခု အပါအဝင် ၎င်းရဲ့ပိုင်နက်အတွင်း မကြာသေးမီက အသေခံဗုံးခွဲတိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ပါကစ္စတန်ဘက်က ပြောကြားခဲ့ပါတယ်။ 

စနေနေ့တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်တို့ကြား သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သွားပါတယ်။ ၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်များ အာဏာပြန်ရပြီးနောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတွေကြောင့် ပါကစ္စတန်နဲ့ နယ်ခြား ပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒါဇင်နှင့်ချီ သေဆုံးခဲ့ရပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)