နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးချုပ်၌ကျင်းပပြုလုပ်ရာနိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး တက်ရောက်သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊ အနုပညာရှင် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်ရုံး)နှင့် ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်း အနားကို ပင်မအဆောက်အဦရှိ Auditorium ခန်းမ၌ LED Animation ပြသ၍ စတင်ဖွင့်လှစ်ပြီးမြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများက “ထာဝရမြန်မာ့အသံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် က MRTV DVB-T2 နှင့် MRTV DTH စနစ် တို့တွင် ပုဂ္ဂလိကရုပ်သံလိုင်း Channel အသစ်(၃)ခုဖြစ်သည့် Uni TV HD Channel SNDSY Entertainment HD Channel & Channel 24 ໑ နှင့် ပုဂ္ဂလိက DTH ရုပ်သံဝန်ဆောင်မှုလုပ်ငန်းအသစ်ဖြစ်သည့် Softtech - DTH စနစ် စတင်ထုတ်လွှင့်မှုတို့အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် “နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားသည့် နိုင်ငံတော်မီဒီယာ ဌာန တစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ကျေပွန်ခဲ့ပြီး ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ် ပညာများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သည့်ဌာန တစ်ခုအဖြစ် နှစ်(၈၀) ပြည့်တိုင် သမိုင်းမော်ကွန်းမှတ်တိုင်ကို ဝံ့ကြွားစွာ စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခါတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် နုပျိုသစ်လွင်၍ သွက်လက်ထက်မြက်ပြီး ဆန်းသစ်ခေတ်မီသည့် နိုင်ငံတော်မီဒီယာပုံစံအသစ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် မူလရည်မှန်းချက်(၃)ရပ် ဖြစ်သည့် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန် နှင့် ဖျော်ဖြေပေးရန် တာဝန်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနိုင်ခဲ့ကြောင်း။ ထို့ပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင် စွာကျင်းပနိုင်ရန် မီဒီယာကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်နေကြသည့် တပ်မတော်သားများ အား တပ်စခန်းနေရာများအထိ သွားရောက်ဖျော်ဖြေ၍ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေး ခြင်း၊သဘာဝဘေးဒဏ်ကျရောက်ခဲ့သည့်ဒေသများနှင့် ယာယီနေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့ကြရသည့် ပြည်သူများအပန်းဖြေစိတ်ခွန်အားသစ်များရရှိစေရန် ဖျော်ဖြေပေးခြင်း အပါအဝင် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ တိုးတက်အောင်မြင်စေရန် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း။
အလားတူ တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ ကာလရှည်ကြာစွာ လက်တွဲနေထိုင်ခဲ့ကြသည့် မိမိတို့နိုင်ငံအပေါ် ပြည်တွင်းပြည်ပမှ ဆန့်ကျင်ဘက်မီဒီယာ များက နည်းမျိုးစုံအသုံးပြု လုပ်ကြံဝါဒဖြန့်ကာ နိုင်ငံတော်ပြိုကွဲအောင် ဆောင်ရွက်နေ ကြကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အချင်းချင်း ယုံကြည်လေးစားမှု၊ နားလည်မှုများ အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်ကို တည် ဆောက်ကြရမည်ဖြစ်ပြီး မီဒီယာကဏ္ဍမှလည်း လုပ်ကြံဝါဒဖြန့်မှု၊ သတင်းတု သတင်း မှားများကို မီဒီယာစွမ်းအားဖြင့်ချေဖျက်ပြီး သတင်းမှန်ပြန်ကြားပေးနိုင်အောင် အလေး ထား ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း။
ခေတ်အဆက်ဆက် MRTV ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မီဒီယာကဏ္ဍမှ တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်းများ အနေဖြင့်လည်း သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ အားထားရသည့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်းနှင့် နှစ်(၈၀) ပြည့်မှသည် ရှေ့ရာစုနှစ်ပေါင်းများစွာတိုင် အောင်မြင်မှုများစွာ ဖြင့် ရှင်သန်ရပ်တည်နိုင်ပါစေဟုဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ထံ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်း/ပြည်ပပြိုင်ပွဲများတွင် ထူးချွန် ဆုရရှိခဲ့ကြသူများနှင့် နယ်မြေအခြေအနေအရ ခေတ္တရပ်နားခဲ့ရသော ဒေသများရှိရုပ်သံလွှင့်စက်ရုံများ အမြန်ဆုံးပြန်လည် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည့် ဝန်ထမ်းများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတ အဖွဲ့တို့ဖြင့် တွဲဖက်၍ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှု ခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် တည်ခင်း ဧည့်ခံသည့် နေ့လယ်စာကို သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment