ဘစ်ကွိုင် ပြုတ်ကျချက်က နိုင်း ပလက်ပါပဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘစ်ကွိုင် ပြုတ်ကျချက်က နိုင်း ပလက်ပါပဲ


ဖေဖော်ဝါရီ - ၆ ( သောကြာနေ့ ) 

ကမ္ဘာ့နာမည်အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေး ( သို့ ) ခရစ်ပတိုငွေကြေး ဖြစ်တဲ့ ဘစ်ကွိုင်ဈေးနှုန်း ပြုတ်ကျ သွားတာက တော်တော်ကြီးကို များပါတယ်။  မနေ့ကဆိုရင် ကန်ဒေါ်လာ ၆၃၀၀၀ အောက်ကို ရောက်သွားပါတယ်။ ခရစ်ပတိုငွေကြေးတွေကို ကြိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးလက်ခံပြီးနောက် တစ်ကွိုင်ကို ကန်ဒေါ်လာ သိန်းချီတက်သွားပြီးနောက်မှာ အခုတော့ ၆သောင်းလောက်အထိ ပြန်ပြုတ်ကျ သွားပါတယ်။ 

ဘစ်ကွိုင်က တစ်နေ့တာကာလအတွင်း ၁၄ % အထိကျဆင်းသွားပြီး၊ ၂၀၂၄ စက်တင်ဘာလကတည်းက တက်လာတဲ့ဈေးနှုန်းက အခုတော့ အနိမ့်ဆုံးစျေးနှုန်းဖြစ်သွားပါတယ်။ ထရမ့်က သူ့ရဲ့မူဝါဒများ အရ အမေရိကန်ကို "ကမ္ဘာ့ ခရစ်ပတိုမြို့တော် " အဖြစ် ထူထောင်ရန် ကတိပြုထားသောကြောင့် မနှစ်က အောက်တိုဘာလမှာ ဘစ်ကွိုင်က တစ်ကွိုင်ကို ကန်ဒေါ်လာ ၁၂၀၀၀၀ကျော် အထိတက်ခဲ့ပါတယ်။  

မကြာသေးမီက ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက ခရစ်ပတိုငွေကြေး အပေါ် ချီတုံချတုံဖြစ်သွားကာ စွန့်စားလိုသူများတွက် စျေးကွက်များ ပျက်ပြားစေခဲ့ပါတယ်။ "ဘစ်ကွိုင်က ကန်ဒေါ်လာ ၇ သောင်း အောက် ရောက်သွားပြီးကတည်းက ဝယ်ယူလိုတဲ့သူ မရှိလောက်အောင်ကို ဖြစ်နေခဲ့တာပါ” လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

"အဲ့လို ဈေးနှုန်းတွေ ဆက်တိုက်ကျနေရင် ငွေကြေးစက်ဝန်းထဲမှာ အသွင်ကူးပြောင်းမှုတစ်ခုကို မဖြစ်နိုင်တော့ ပါဘူး။ လက်ရှိဖြစ်နေတဲ့ ကျဆင်းမှုတွေက အနည်းဆုံး ၆ လ ၁ နှစ်ကြာနိုင်ပါတယ်” လို့ ခန့်မှန်းထားကြပါတယ်။ 

အဲ့လိုပဲ ကျန်တဲ့ ခရစ်ပတိုငွေကြေးတွေဖြစ်တဲ့ အီသရီယံ၊ ဘီအန်ဘီ နဲ့ ဆိုလာနာ တို့ကလည်း မနေ့က တစ်နေ့တည်းမှာပဲ ၁၃ % ကျော် ကျဆင်းသွားပါတယ်။ ကွိုင်ဈေးကွက်ရဲ့ ဒေတာအရ စုစုပေါင်းခရစ်ပတို စျေးကွက်အရင်းအနှီးသည် ၁၂ % ဝန်းကျင်ထိုးကျသွားပြီး စုစုပေါင်း တန်ဖိုးက ကန်ဒေါ်လာ ၁၂. ၁၈ ထရီလီယံ လောက်ရှိပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)