ဖေဖော်ဝါရီ - ၈ ( တနင်္ဂနွေနေ့)
၂၀၂၆ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားအပြီး အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ရှိ အိုလံပစ်ကျေးရွာအနီးတွင် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ဆန္ဒပြသူများ နဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
မနေ့က လူ ၁၀,၀၀၀ လောက်က “ရေရှည်မတည်တံ့နိုင်တဲ့ ” အိုလံပစ်ပွဲတော်လို့ ခေါ်ဝေါ်ပြီး ပွဲတော်ကို ရှုတ်ချကာ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲအပြီးမှာတော့ ဒါဇင်နဲ့ချီတဲ့ ဆူပူသူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြလို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ထိုနေ့တွင်ပင် Bologna ဘိုလော့ဂ်လာမြို့ နဲ့ ပီဆာရိုမြို့ က ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့တာကြောင့် မြန်နှုန်းမြင့်နှင့် သမားရိုးကျ ရထားဝန်ဆောင်မှုနှစ်ခုစလုံး နှောင့်နှေးမှုများ ဖြစ်စေခဲ့ပါတယ်။
ဘိုလော့ဂ်နာ - ဗင်းနစ် ရထားလမ်းပိုင်းက ကေဘယ်ကြိုးများ ပျက်စီးခဲ့ပြီး အန်ကိုနာ - ရီမီနီ လမ်းပိုင်း က ရထားလမ်းခွဲရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ရထားလမ်းပေါ်မှာ မီးလောင်နေတဲ့ မီဖိုကြီး တစ်ခုကိုလည်း တွေ့ခဲ့ကြပါတယ်။
အာဏာပိုင်များက မင်းမဲ့ဝါဒီများ ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပြီး အဲ့ဒိလို လုပ်ခဲ့တဲ့ ကိစ္စတွေကို မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့ရဲ့ လက်ချက်ဆိုပြီး တာဝန်ယူထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
ပို့ဆောင်ရေးဝန်ကြီး က အီတလီကို အန္တရာယ်ပြုလိုသော သူများရဲ့ ကြိုးပမ်းမှုလို့ ဆိုပြီး “ကြိုတင်ပြင်ဆင်ထားသော တိုက်ခိုက်မှု” လို့လည်း ပြောပါတယ်။ သူက ဘူတာရုံများကို ခဏတာ သိမ်းပိုက်ခဲ့တဲ့ လက်ဝဲယိမ်း ဆန္ဒပြပွဲများ နဲ့ ဖျက်ဆီးမှုအား ရည်ရွယ်ပြီး ပြောခဲ့ပါတယ်။
အိုလံပစ်မီးရှူးတိုင်ကို မီလန်မြို့ရှိ ဆန်ဆီရို အားကစားကွင်းတွင် သောကြာနေ့က ထွန်းညှိခဲ့ပြီး နိုင်ငံပေါင်း ၉၀ ကျော်မှ အားကစားသမား ၃ထောင် နီးပါးက အားကစားပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲနေကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment