ပြည် ၊ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ပြုပြင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်းပြုပြင်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်စေတနာ့ဝန်ထမ်းများအဖွဲ့က အဆိုပါကျေးရွာနေပြည်သူများ၏ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြုပြင်ရန်လိုအပ်သည့် နေအိမ်များအား ဝါးထရံအသစ်များလဲလှယ်တပ်ဆင်ပေးခြင်းနှင့် လိုအပ်သောပြင်ဆင်မှုများဆောင်ရွက်ပေးခဲ့ပြီး ယင်းဆောင်ရွက်မှုအား ပြည်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်ခရိုင်ရှိ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့်ရွှေတောင်မြို့နယ်တို့တွင် နှစ်စဉ်နွေအကုန်မိုးဦးကျကာလ၌ လေပြင်းဘေးကျရောက်လေ့ရှိပြီး အဆိုပါမြို့နယ်များရှိ ကျေးရွာအချို့တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြုပြင်ရန်လိုအပ်သည့် နေအိမ်များအား အလားတူကွင်းဆင်းပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment