ဟိုပုံး ၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက စာရေးဆရာမြသန်းတင့်ရေးသားသည့် ဧကရီဖွားစော စာအုပ်မှ ကျေးတောသူဖြစ်လင့်ကစား ဉာဏ်အမြော်အမြင်ကြီးမားပုံ၊ သစ္စာစောင့်သိရိုသေပုံ၊ နိုင်ငံရေး အမြော်အမြင်ကြီးပုံတို့ကို ဦးဆောင်ဆွေးနွေးရာ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ အဖွဲ့ဝင် ဒေါ်အိအိနွယ်နှင့် ဒေါ်ရွှေရတီဦးတို့က ဧကရီဖွားစော၏ ပါးနပ်လိမ္မာပုံ၊ ကြင်နာသနားတတ်ပုံနှင့် ကျေးတောသူမတစ်ယောက်က မြန်မာ့သမိုင်းတွင် မည်မျှအရေးပါသည့်ဆောင်ရွက်ချက်များလုပ်ဆောင်ခဲ့ပုံများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက ဆရာကြီးမြသန်းတင့်၏ စာပေအရေးအသား၊ အနှစ်သာရများကိုအတုယူသင့်ကြောင်း ဆရာကြီး၏အတွေးအခေါ်အယူအဆများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment