တမူး ၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ဇေလူရည်ချွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့နံနက် ၁၁ နာရီက ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မင်နိုင်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းထိုက်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးနှင့် လေဘေးအန္တရာယ်များကြုံတွေ့ရပါက ကာကွယ်မှုများ၊ ဆောင်ရန်ရှောင်ရန် များကို ဟောပြောခဲ့ပြီး တက်ရောက်လာကြသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များ၊ လေပြင်းမုန်တိုင်းများကျရောက်လာနိုင်သည် ဖြစ်တဲ့အတွက် ဘေးအန္တရာယ်များကြုံတွေ့လာရသည့်အခါ ဆောင်ရန်ရှောင်ရန်များနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဇေလူရည်ချွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရတနာ
https://t.me/MyanmarNationalPost
No comments:
Post a Comment