သဲကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များတွင် သုံးစွဲခြင်းမပြုရန်တားမြစ်ထားသည့် ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များတွင် သုံးစွဲခြင်းမပြုရန်တားမြစ်ထားသည့် ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

 



သဲကုန်း  ၊ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများမှ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ စိုက်ပျိုးရေးဦးစီးဌာန ​မြို့နယ်ဦးစီးမှူး ဦး​​အောင်ဝင်းနှင့် ကော်မတီဝင်များက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ၌ စိုက်ပျိုးရေးထုတ်ကုန်များတွင် အသုံးပြုလျက်ရှိသည့် စျေးကွက်တွင် အသုံးမပြုရန် တားမြစ်ထားသော ပိုးသတ်ဆေး အတုအပများနှင့် တရားမဝင်ပိုးသတ်ဆေးများမရှိစေရန် ဆိုင်တင်ရောင်းချခြင်းများ လုံးဝမပြုလုပ်စေရန်၊ လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်​ကြောင်း၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစေရေးနှင့် ပြည်ပသို့ တင်ပို့နေသော စိုက်ပျိုးရေးထုတ်ကုန်များ  ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)