ပေါင်မြို့နယ်၊ကျုံကကျေးရွာ၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၊ကျုံကကျေးရွာ၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနား ကျင်းပ






ပေါင်၊ ဖေဖော်ဝါရီ  ၁၉

မွန်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပပြုလုပ်သော“ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျုံကကျေးရွာ၊ ကျုံကတိုက်ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးခင်မောင်ဦးက    အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့်အကြမ်း ဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးခြင်း ဆိုင်ရာ အသိပညာပေးခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ ၊ နည်းဥပဒေများနှင့် ပတ်သက်သည့် အကြောင်းအရာ များကိုလည်းကောင်း၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းတို့ကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမ ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ သထုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်း အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ က နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည် ရှေ့တွင် ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိက ရေချိုသယံဇာတများ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းနမူနာပုံစံအား ရှင်းလင်းပြောကြား၍ စစ်တမ်း ကောက်ယူခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူ (၆၀ )ဦးတို့က စစ်တမ်းမေးခွန်း (၂၄) ခုကို ဖြေဆိုခဲ့ကြောင်းသိရသည်။


မွန်မလေး

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)