ဖေဖော်ဝါရီ - ၆ ( သောကြာနေ့ )
ရုရှားနှင့် အမေရိကန်တို့သည် အဘူဒါဘီမြို့တွင် ပြုလုပ်ဆဲ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွင်း အရေးပါသော စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်ရဲ့ ဥရောပရှိ စစ်ဌာနချုပ် (EUCOM) က မနေ့က ပြောကြားခဲ့ပါတယ်။
အဲ့ဒိ ကြေညာချက်က ဖေဖော်ဝါရီ ၅ ရက်နေ့က သက်တမ်းကုန်သွားတဲ့ အမေရိကန်နှင့် ရုရှားတို့ရဲ့ လက်နက်တိုက်များကို ကန့်သတ်တဲ့ နောက်ဆုံး နျူကလီးယား သဘောတူညီချက်ဖြစ်တဲ့ New START စာချုပ် နဲ့ တိုက်ဆိုင်နေပါတယ် ။ ဒီကိစ္စကို UAE မြို့တော် အဘူဒါဘီ ဆွေးနွေးပွဲတွေမှာလည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။
EUCOM ရဲ့ သတင်းထုတ်ပြန်ချက်အရ၊ ဥရောပရှိ အမေရိကန်နှင့် နေတိုးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလီဇက် ဂရင်ကီဝစ် နှင့် ရုရှားစစ်ထောက်လှမ်းရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ် အီဂါ ကော့စ်ယူကောဗ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ကြား အဆက်အသွယ်များ သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ် လို့သိရပါတယ်။
"စစ်တပ်များအကြား တွေ့ဆုံဆွေးနွေးမှုကို ထိန်းသိမ်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် အရေးကြီးသောအချက်ဖြစ်တယ်" လို့ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး "ပွင့်လင်းမြင်သာမှု တိုးမြင့်လာခြင်းက ပဋိပက္ခတွေတိုးမြင့်လာမှုကို လျော့ပါးစေတယ်" လို့လည်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။
EUCOM ရဲ့အဆိုအရ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကတည်းက စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆွေနွေးပွဲတွေ ရပ်တန့် နေခဲ့တယ် လို့ သိရပါတယ်။ “ပါဝင်တဲ့ အဖွဲ့များသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ဆက်လက် လုပ်ဆောင် နေသောကြောင့် အဲ့ဒိလမ်းကြောင်းကပဲ စစ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆက်အသွယ်ကို ပေးစွမ်းနိုင်လိမ့်မယ်”လို့ ဆိုပါတယ်။
မော်စကိုဘက်ကတော့ နျူကလီးယားထိန်းချုပ်မှုဆိုင်ရာကိစ္စမှာ အမေရိကန်နဲ့ အပြုသဘောဆောင်သော ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကောဗ် က မနေ့က ပြောပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment