သီတဂူမျက်စိဆေးရုံတော်၌ (၁၆) ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတဂူမျက်စိဆေးရုံတော်၌ (၁၆) ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေး



ရန်ကုန်၊ ဖေဖော်ဝါရီ ၆

နိုင်ငံတော်ဩဝါဒစရိယရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတသီတဂူဆရာတော် ဘဒ္ဓန္တဉာဏိဿရ၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စီမျက်စိအထူးကုဆရာဝန်ကြီးများက (၁၆) ကြိမ်မြောက် မျက်စိဝေဒနါရှင်များကို အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်း သီတဂူမျက်စိအလှူတော်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ (၁၆) ကြိမ်မြောက် သီတဂူမျက်စိအလှူတော်အစီအစဉ်ကို သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ဆောင်ရွက်လျက်ရှိရာ ဆရာတော်ကြီး၏ တပည့်၊ ဒါယကာများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက မျက်စိဝေဒနာရှင်များအား စာရင်းပေးသည်မှစ၍ ခွဲစိတ်ကုသမှုခံယူပြီးသည့်အထိ စောင့်ရှောက်ကုသိုလ်ယူကြသည့်အပြင် စားသောက်ဖွယ်ရာများနှင့် သွားလာရေးအဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များကိုပါ အခမဲ့စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မျက်စိဝေဒနာများ ပြသရန်အတွက် စာရင်းပေးတုံကင်ရထားသူ ၁၆၀၀ ဦးရှိရာ ဖေဖော်ဝါရီ ၃ ရက် (ပထမ) နေ့တွင် ၅၁၉ ဦးကို မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေးပေးခဲ့ရာ ခွဲစိတ်ကုသမူခံယူရမည့် မျက်စိဝေဒနာရှင် ၂၁၁ ဦးရှိကြောင်းနှင့် ယနေ့ဖေဖော်ဝါရီ (၄) ရက် (ဒုတိယ) နေ့တွင် ၄၃၉ ဦးကို မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေးပေးခဲ့ရာ ခွဲစိတ်ကုသမူခံယူရမည့် မျက်စိဝေဒနာရှင် ၁၅၂ ဦးရှိကြောင်း သိရသည်။

ယင်းအပြင် မျက်စိအခမဲ့ခွဲစိတ်မှုခံယူထားသူတွေကို အမြင်အာရုံကောင်းမကောင်း၊ မျက်စိထဲမှ ထည့်ပေးထားတဲ့ Lens လေးတွေ စောင်းသွားတာရှိလား၊ တည့်မတည်၊ နေရာရွှေနေလားစတာတွေအပြင် ခွဲစိတ်ထားတဲ့သူတွေ မျက်စိအောင့်တာ၊ ကိုက်တာခဲတာတွေအတွက် အထူးကုဆရာဝန်ကြီးများက စစ်ဆေးပြီး လိုအပ်တဲ့ ဆေးဝါးထုတ်ပေးခြင်းများကိုလည်း သက်မှတ်ရက်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် ၁၉၉၀ ပြည့်နှစ်မတ်လ (၁၀) ရက်နေ့တွင် စစ်ကိုင်းတောင်ရိုး၌ သီတဂူအာယုဒါနဆေးရုံတော်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုခါတွင် သီတဂူဆေးရုံတော်များကို တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးခဲ့ရာ ဆေးရုံတော်ပေါင်း (၄၄) ရုံထိ ဖွင့်လှစ်ခဲ့ပြီး မျက်စိဝေဒနာရှင်ပေါင်း (၂) သန်းကျော်ကို ကြည့်ရှုပေးခဲ့ပြီး (၅) သိန်းခန့်ကို မျက်စိအလင်းအလှူပေးနိုင်ခဲ့ကြောင်း သိရသည်။


​အောင်မြင့် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)