နျူ့လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် စာချုပ်ပြည့်သွားပြီ အမေရိကန်ဘက်က အသစ်ရေးမယ်တဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

နျူ့လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် စာချုပ်ပြည့်သွားပြီ အမေရိကန်ဘက်က အသစ်ရေးမယ်တဲ့


ဖေဖော်ဝါရီ - ၆ ( သောကြာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုနှင့် ဝါရှင်တန်ကြားရှိ New START နျူကလီးယား လျှော့ချရေး သဘောတူစာချုပ်ကို “ဆိုးရွားစွာ ညှိနှိုင်းထားတဲ့ သဘောတူညီချက်” အဖြစ် ပယ်ချခဲ့ပြီး ယင်းအစား အမေရိကန်နျူကလီးယား ကျွမ်းကျင်သူများက သဘောတူညီချက်အသစ်ကို စတင်လုပ်ဆောင်ရန် တောင်းဆိုခဲ့ပါတယ်။ 

မဟာဗျူဟာမြောက် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်က ဖေဖော်ဝါရီ ၅ ရက်တွင် တရားဝင် သက်တမ်းကုန်ဆုံးခဲ့ပြီး သက်တမ်းဆက်တိုးဖို့ကိစ္စက ရုရှား နဲ့ ကုလသမဂ္ဂတို့အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဘူဒါဘီမြို့ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြင်ပတွင် အမေရိကန်နှင့် ရုရှား တာဝန်ရှိသူများက နျူ့ကလီယားလျှော့ချရေး သဘောတူညီချက်ကို “အဆင့်မြှင့်တင်ခြင်း” လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။ 

New Start သဘောတူစာချုပ်ကို သက်တမ်းတိုးမဲ့အစား ... ကျနော်တို့ရဲ့ နျူကလီးယားကျွမ်းကျင်သူများက အနာဂတ်တွင် ရေရှည်တည်တံ့နိုင်တဲ့ တိုးတက်ပြီး ခေတ်မီတဲ့ သဘောတူစာချုပ်အသစ်တစ်ခုကို လုပ်ဆောင် သင့်တယ်" လို့  ထရမ့်က သူ့ရဲ့ ထရု့သ်ဆိုရှယ်မီဒီယာအကောင့်မှာ မနေ့က ရေးတင်ခဲ့ပါတယ်။ နောက်ပြီး စာချုပ်အဟောင်းက အမေရိကန်တွေရဲ့ အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်မှုတွေ ပါနေတယ်လို့လည်း ပြောပါတယ်။ 

သက်တမ်းကုန်ဆုံးသွားတဲ့ စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ မော်စကိုနဲ့ ဝါရှင်တန်တို့ဟာ ယာယီသဘောတူညီချက်တွေ မရရှိခဲ့ဘူးလို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုထားပါတယ်။ 

၂၀၁၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့တဲ့ အဆိုပါစာချုပ်တွင် ရုရှားနှင့် အမေရိကန်လက်နက်တိုက်များအတွင်းရှိ အသုံးချနိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများနှင့် လောင်ချာများအရေအတွက်ကို ကန့်သတ်ထိန်းချုပ်ဖို့ပါရှိပါတယ်။ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးရန် ကနဦးသတ်မှတ်ထားသော်လည်း ထိုအချိန်တွင် ငါးနှစ်သက်တမ်းတိုးခဲ့ပါတယ်။ 

မော်စကိုသည် ရုရှား၏နျူကလီးယား တားဆီးကာကွယ်ရေး အစိတ်အပိုင်းများကို ကိုးကားပြီး အနောက်နိုင်ငံများက တက်ကြွစွာ ပါဝင်နေသည်ဟု စွပ်စွဲကာ ယူကရိန်း၏ တိုက်ခိုက်မှုကို ကိုးကား၍ ၂၀၂၃ ခုနှစ်တွင် သဘောတူစာချုပ်၏ အတည်ပြုရေးယန္တရားများကို မော်စကိုက ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း 

ရုရှား - ယူကရိန်း ပဋိပက္ခအတွင်းမှာ အနောက်နိုင်ငံတွေက ရုရှားကို ဖိအားတွေပေးလာပြီးနောက်မှာတော့ ၂၀၂၃ မှာ စာချုပ်ပါ အချက်အလက်တွေကို မလိုက်နာနိုင်တော့ဘူးလို့ ရုရှားဘက်က ဆိုခဲ့ပါတယ်။ ဒါပေမဲ့ စာချုပ်ပါ ကန့်သတ်ချက်များကို ဖောက်ဖျက်တဲ့ အချက်တွေကို ရုရှားဘက်ကဖောက်ဖျက်တယ်ဆိုတဲ့ သတင်းတွေ အစီရင်ခံစာတွေကတော့ မတွေ့ရသေးပါဘူး။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရုရှား နှင့် အမေရိကန်တို့ကို ဆက်ခံမည့် မူဘောင်တစ်ရပ် ညှိနှိုင်းရန် တောင်းဆိုကာ ဆယ်စုနှစ်များအတွင်း နျူကလီးယား ပဋိပက္ခ၏ “အမြင့်ဆုံး” ဖြစ်နိုင်ခြေကို သတိပေးခဲ့ပါတယ်။

ထရမ့်က တရုတ်အပါအဝင် နျူ့လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေအားလုံး “ပိုမိုကောင်းမွန်သော” သဘောတူညီချက် ကို လိုချင်ကြောင်း ယခင်က ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)