ခန္တီးမြို့နယ်၌ ဖရဲသီးစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခန္တီးမြို့နယ်၌ ဖရဲသီးစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ

 

Uploading: 1975221 of 1975221 bytes uploaded.


ခန္တီး  ၊ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီးစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ပေါမိုင်းရပ်၊ သာစည်၊ အောင်သာနှင့် ကိုယ်ပိုင်စိုက်ခင်းအသီးသီးတို့တွင် ဖရဲသီးကို အိမ်တွင်းစီးပွားရေးတစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဖရဲသီး(၁)လုံးလျှင် အရွယ်အစားအကြီးအသေးလိုက်၍ ငွေကျပ်(၁၀၀၀၀/-)မှ (၂၀၀၀၀/-) ကျပ်ထိလည်းကောင်း၊ တစ်စိပ်လျှင် ငွေကျပ် (၁၀၀၀/-) နှုန်းဖြင့်လည်းကောင်း ဈေးကောင်းရရှိစွာ ရောင်းချရပြီး ဝယ်ယူစားသုံးသူများပြားသဖြင့် ဖရဲသီးစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကမ်းကီး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)