ကျောက်ဆည်ခရိုင်အတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေများစတင်ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်ခရိုင်အတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေများစတင်ဖြန့်ဝေ




ကျောက်ဆည်  ၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ဒေသခံတောင်သူများ နွေစပါးနှင့်နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဇော်ဂျီရေသောက်စနစ်ရှိ မြို့ကြီးရေလှောင်တမံနှင့် ရေလွှဲဆည် များမှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ဒေသခံ တောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ ဖူလုံစေရေးအတွက် နှစ်စဉ် မြို့ကြီးရေလှောင်တမံနှင့် ရေလွှဲဆည်များမှတစ်ဆင့် ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားလက်ယာရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်းများမှ လယ်ယာမြေစိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေပေးသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိကာ နွေသီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များအတွင်း တောင်သူများ သီးနှံမျိုးစုံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မြို့ကြီးရေလှောင်တမံနှင့် ရေလွှဲဆည်များမှ ဆည်ရေများကို ‌ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်းမှ စတင်ပေးဝေခဲ့ပြီး မြစ်သားမြို့နယ်အတွင်း ကင်းတားလက်ယာရေသောက်စနစ် လယ်ယာမြေများသို့လည်း မြို့ကြီးရေလွှဲဆည်၊ မြို့ကြီးမြောင်းမတော်(၁)မှတစ်ဆင့် ဖေဖော်ဝါရီ၂၃ရက် နံနက်ပိုင်းမှ စတင်ပေးဝေလျှက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နွေသီးနှံ စိုက်ပျိုး ရာသီ၌ နွေစပါး (၁၈၆၂၇)ဧက၊ နွေနှမ်းနှင့် အခြားသီးနှံ (၉၀၆၈၈)ဧက၊ စုစုပေါင်း ၁၀၉၃၁၅ ဧကအား စိုက်ပျိုးရေလုံလောက်စွာ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)