မိတ္ထီလာ ၊ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အနောက်ဖက်အခြမ်းအား ဓာတ်အားဖြန့်ဖြူးပေးထားသော 33KV သပြေဝ-အောင်ဆန်း ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သော လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် 33KV သပြေဝ-အောင်ဆန်း ဓာတ်အားလိုင်းအား ဓာတ်အားပိတ်၍ ဓာတ်အားလိုင်းနှင့် နှင့်ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်များ ခုတ်ခြင်း၊ အောင်ဆန်းဓာတ်အားခွဲရုံရှိ Transformer Tightening ပြုလုပ်ခြင်း၊ Control Panel များ၊ Battery Room များ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment