ပြည်ဖျက်မီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ ဘီဘီစီမြန်မာပိုင်း မှာ "မြန်မာလူငယ်တွေရဲ့ ရင်မောစရာ ငါးနှစ်တာ" နှင်းမို (ဘီဘီစီမြန်မာပိုင်း) မှာ ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ပြည်ဖျက်မီဒီယာများ ပီသစွာ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ကာလကို ညွှန်းဆိုပြီး အပြုသဘောမဆောင်တဲ့ လုပ်ကြံဖန်တီးရေးသားဖော်ပြချက်ကို တွေ့ရပါတယ်။
ပြည်ဖျက်မီဒီယာဖြစ်တဲ့ ဘီဘီစီမြန်မာပိုင်း ရဲ့ ရေးသားဖော်ပြပုံက "စစ်အာဏာသိမ်းတာ ၅ နှစ်ရှိလာချိန်မှာ မြန်မာ့လူငယ်တွေဟာ “အနာဂတ်ရပ်တန့်ခံမျိုးဆက်” ဖြစ်နေပြီလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေက ညွှန်းဆိုပါတယ်" လို့ ဆိုပါတယ်။ ဘီဘီစီမြန်မာပိုင်းက ပြည်ဖျက်မိစ္ဆာတွေကို မပြောမီ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးကို ပြောရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ လူငယ်ထောင်ပေါင်းများစွာ အကြမ်းဖက်သမားများဖြစ်ခဲ့ရတယ်။ လူငယ်တွေကို အကြမ်းဖက်သမားများဖြစ်အောင်၊ လူယုတ်မာ လူရမ်းကားများဖြစ်အောင် တပ်မတော်က လုပ်ခဲ့တာ မဟုတ်ဘူး။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များက PDF အကြမ်းဖက်သမားများအဖြစ် အသုံးပြုနေတယ်ဆိုတာကိုတော့ မျက်ကွယ်ပြုပြီး မထုတ်ပြန်သင့်ပါဘူး။ ပြည်ဖျက်မီဒီယာတွေအနေနဲ့လည်း လူငယ်တွေအပေါ်မှာ မှန်ကန်တဲ့ စေတနာရှိမယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အသုံးချခံ အကြမ်းဖက်သမားများအဖြစ်နဲ့ နွံနစ်မခံကြဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ဖို့ တည်ငြိမ်းအေးချမ်းရေးကို ရှေးရှုပြီး G-z လို့ ကြွေးကြော်ထားတဲ့ ဉာဏ်ရည်နိမ့်ပါးတဲ့ မျိုးဆက်ကို သေတွင်းထဲ တွန်းပို့ရာမှာ အလိုတူအလိုပါ မလုပ်သင့်ပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ အလိုတူ အလိုပါ ဖြစ်နေတဲ့ ဘီဘီစီအပါအဝင် ပြည်ပြေး မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကြောင့် လူငယ်တွေမှာ အကြမ်းဖက်သမားများအဖြစ်နဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြတာကို ပြည်သူအားလုံးက သိမြင်လာကြပါပြီ။ အကြမ်းဖက်သမားများဖြစ်နေတဲ့ လူငယ်တွေသည်ပင် သူတို့ရဲ့ မှားယွင်းသော လုပ်ရပ်တွေကို နောင်တရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပြီဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ ရေးသားဖော်ပြချက်မှာ "လူငယ်တွေကိုပစ်မှတ်ထားစုဆောင်းလာတဲ့ စစ်မှုထမ်း၊ အခွင့်အလမ်းနည်းပါးလာတဲ့ အလုပ်အကိုင်တွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ဖိနှိပ်မှုတွေဖြစ်လာပြီလို့ ဆိုကြပါတယ်" လို့ ရေးသားဖော်ပြထားပါတယ်။
စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံတကာမှာလည်း ကျင့်သုံးနေသလို မြန်မာပြည်မှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ နိုင်ငံတော်အကြီးအကဲများ က လမ်းညွှန်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက်လာပြီး ချိန်မှာ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားမှုတွေကြောင့် ဥပဒေရဲ့ ကောင်းမွန်မှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို လူငယ်တွေ မသိကြတော့ပါဘူး။ အကြောက်တရားတွေ ဖြစ်ပေါ်လာပြီး ပြေးလွှားတိမ်းရှောင်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်ပေါ်လာပါတယ်။ အစိုးရဝန်ထမ်းများဆိုသည်မှာလည်း ဥပဒေနဲ့အညီ အကောင်အထည်ဆောင်ရွက်မှုအပိုင်းမှာ အားနည်းပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ကောင်းမွန်မှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပျက်သွားအောင် ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေကြသလို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကပါ လိုက်ပါပြီး ပြည်သူတွေ အတိဒုက္ခရောက်အောင် လုပ်ဆောင်လာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဥပဒေပြဋ္ဌာန်းချက်မှာ မပါဝင်တဲ့ ငွေကြေးဆိုင်ရာကိစ္စကိုပဲ အခြေခံပြီး အလုပ် လုပ်ပါတယ်။ ကျေးရွာတွေမှာ ဥပဒေပြဋ္ဌာန်းချက်ပါ အသက်အရွယ်အပိုင်းအခြားအတွင်း ရှိနေသူတွေ အလှည့်ကျ တာဝန်ထမ်းဆောင်ကြဖို့ကို အလေးထား ဆောင်ရွက်ခြင်း မရှိဘဲနဲ့ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ဘယ်လောက်ဆိုတဲ့ ပြဿနာကို ဖန်တီးခဲ့ကြပါတယ်။ အခုထိလည်း ပြည်သူတွေမှာ အဲဒီလို ကောက်ခံမှုဒဏ်ကို ခါးစီးခံနေကြရတုန်းပါပဲ။ တင်ပြတိုင်ကြားမှုတွေ လုပ်ဆောင်ရာမှာ မထိရောက်ဘူးဆိုတာကလည်း မြို့နယ်၊ ခရိုင်အဆင့် တာဝန်ရှိသူတွေကပါ ဒီဥပဒေကို အကြောင်းပြုပြီး ပြည်သူတွေဆီက ဂုပ်သွေးစုပ်နေကြတာ ဖြစ်ပါတယ်။
ကျွန်တော် ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ဖျာပုံ၊ ဘိုကလေး ဘက်ကို ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေ က ပြည်သူ့စစ်မှုထမ်းကြေး ကောက်ခံတာတွေက တစ်နေရာနဲ့ တစ်နေရာမတူဘဲ ဖြစ်နေတယ်။ အဲဒါက ဘယ်လိုဖြစ်တာလဲလို့ မေးပါတယ်။ ဆရာလေး ဥပဒေပြဋ္ဌာန်းချက်မှာက စစ်မှုထမ်းကြေး ပေးရမယ်ဆိုတာ မပါသလို၊ စစ်မှုမထမ်းချင်ရင် ငွေပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်း မပါဝင်ကြောင်း ရှင်းပြပါတယ်။ မူလက စစ်မှုထမ်းဥပဒေနဲ့အညီ ဆင့်ခေါ်တဲ့အချိန်မှာ ကျေးရွာတွေမှာ ငွေစုကြတယ်။ စစ်မှုထမ်းဆောင်မယ့် မိသားစုကို ရပ်ရပ်က ဝိုင်းဝန်းကူညီထောက်ပံ့ကြတယ်ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းမွန်မှန်ကန်ပါတယ်။ အဲဒီလို ငွေစုလို့ ရတာကို သိသွားတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီး တစ်နေရာနဲ့ တစ်နေရာမတူဘဲ သူတို့အလိုရှိသလို ကောက်ခံနေတာ တရားလွန် တရားမဲ့ အဆင့်ကို ရောက်လာပါပြီ။ ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေမှာ ကောက်ခံမှုနှုန်းထား မတူညီပါဘူး။ ၂၀၀၀၀၊ ၃၀၀၀၀၊ ၅၀၀၀၀၊ ၆၀၀၀၀၊ ၁၀၀၀၀၀ အစရှိသည်အားဖြင့် ကျေးရွာအုပ်စုတစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။
ဒီဥပဒေရဲ့ ကောင်းမွန်မှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ပြည်သူတွေ သိရှိနားလည်အောင်၊ ခရိုင်/ မြို့နယ်/ ရပ်ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ ဒီလို ဥပဒေကို အကြောင်းပြုပြီး ကိုယ်ကျိုးမရှာသင့်ကြောင်း၊ ပြည်သူလူထုကို ဂုပ်သွေးမစုပ်သင့်ကြောင်း နိုင်ငံတော်အကြီးအကဲများက စနစ်တကျ ကြပ်မက်ပေးသင့်ပါတယ်။ အစိုးရဝန်ထမ်းတွေ လုပ်စားလို့ရတဲ့ ဂွင်တွေ အများကြီးရှိသလို ဥပဒေလက်တစ်လုံးခြားလုပ်ပြီး လုပ်စားနေကြတာလည်း အများကြီးပါပဲ။ ဒီဥပဒေဟာ ပြည်သူများကို မျိုးချစ်စိတ်ရှိအောင်၊ တပ်မတော်နဲ့ ပြည်သူကြား ပိုမိုနီးစပ်မှုရအောင် ဆောင်ရွက်ထားတဲ့ ဥပဒေကောင်းတစ်ရပ်ဖြစ်တဲ့အတွက် လူငယ်များကို လမ်းမှားရောက်အောင် လုပ်တဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းက အစိုးရဝန်ထမ်းတွေက လုပ်နေတာတော့ မဖြစ်သင့်ပါဘူး။ အုပ်ချုပ်ရေးပိုင်းက ယိုယွင်းပျက်စီးလာလေ ပြည်ဖျက်မီဒီယာတွေအနေနဲ့ အစိုးရကို ထိုးနှက်လို့ ကောင်းလေ ဖြစ်လာမှာပါပဲ။ လူငယ်တွေကို နိုင်ငံချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ် ပျောက်ပျက်အောင် လုပ်တဲ့နေရာမှာ ပါဝင်နေတဲ့ နိုင်ငံဝန်ထမ်း ဝိသမလောဘသားတွေ ဆင်ခြင်ပေးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်တော်တို့ မီဒီယာတွေအနေနဲ့ က ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ရပ်ကျေးအုပ်ချုပ်ရေး၊ ရဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ လဝက တာဝန်ရှိသူတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ အခြေအနေကို သိပင်သိငြားလည်းခေါင်းပုံဖြတ် ဂုပ်သွေးစုပ်ခံနေရတဲ့ ပြည်သူများမှာ မပြောဝံ့ မဆိုဝံ့ စားကြပါစေကွာလို့ မကျေနပ်ချက်တွေကို မြိုသိပ်ခံစားနေတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလို့လည်း မရပါဘူး။ နိုင်ငံတော်အကြီးအကဲများသာ ဒီလိုအခြေအနေမျိုးဖြစ်နေတာကို မှန်ကန်စွာ သိရှိမယ်ဆိုရင်ဖြင့် ရပ်ကျေး၊ ရဲ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ထိထိရောက်ရောက် တားမြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ပြည်ဖျက်မီဒီယာဖြစ်တဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ ရေးသားဖော်ပြချက်မှာ "Generation Z တို့ရဲ့ သဏ္ဍာန်စုံဆန္ဒထုတ်ဖော်ဟန်၊ မြန်မာ့လူငယ်တွေရဲ့ ၂၁ ရာစစ်အာဏာသိမ်းမှုကို ဒစ်ဂျစ်တယ် နည်းပညာသုံးကာ ဆန်းသစ်တဲ့ပုံစံတွေနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတာဟာ ကမ္ဘာမှာပါ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့လူငယ်တွေဟာ “The Hunger Game” ဆိုတဲ့ ရုပ်ရှင်ထဲက ထင်ရှားတဲ့လက်သုံးချောင်းထောင်သင်္ကေတကို ဆန္ဒပြပွဲတွေမှာ အသုံးပြုရာကနေ “မြန်မာ့နွေဦးတော်လှန်ရေး” မှာလည်း ပြယုဂ် တစ်ခုဖြစ်လာပါတယ်" လို့ ဆိုပါတယ်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုကြောင့် PDF ဖြစ်လာတဲ့ အကြမ်းဖက်သမား လူငယ်တွေရဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးအသွင်ဆောင်သလား၊ အကြမ်းဖက်လုပ်ရပ်တွေလား ဆိုတာကို ကိုယ်တွေ့ခံခဲ့ရတဲ့ ပြည်သူတွေ အသိဆုံးပါ။ တော်လှန်ရေးဆိုတာက မိမိတို့ ပြည်သူများအပေါ် မတရားသဖြင့် စိုးမိုးခြယ်လှယ်တဲ့ အစိုးရကို ပုန်ကန်ထောင်ထားခြားနားခြင်းကို တော်လှန်ရေးလို့ ဆိုနိုင်ပါတယ်။ ၂၀၂၁မှ ၂၀၂၅ အခင်းအကျင်းမှာ NLD ပါတီရဲ့ လွန်ကျူးတဲ့ မဲလိမ်မဲခိုးမှုကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ပြီးချိန်မှာ ဘယ်ပြည်သူကိုမှ မတရားသဖြင့် ဖိနှိပ်ခဲ့တာမျိုး မရှိပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် ဆန္ဒပြမှုတွေ နိုင်ငံအဝှမ်း လုပ်ဆောင်နေသည်အထိ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပေးထားတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာသည်အထိလည်း ပျော့ပျောင်းနေဆဲပါပဲ။ နောက်ပိုင်းမှာ နီပိန်းတွေဟာ KIA, KNU လက်အောက်မှာ အကြမ်းဖက်သင်တန်းတက်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာသည်အထိလည်း ပျော့ပျောင်းနေဆဲပါပဲ။ KIA, KNU, KNPP, KNDF, PDF, CDF အကြမ်းဖက်အဖွဲ့မျိုးစုံရဲ့ ပူးပေါင်းလှုပ်ရှားမှုကြောင့် ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံဝန်ထမ်းများ ရက်စက်စွာ သတ်ဖြတ်ခံနေရတဲ့ အခြေအနေအထိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က ထိန်းသိမ်းမှုအပိုင်းမှာ ပျောက်ပြောင်းလွန်း အားကြီးလို့ အကြမ်းဖက်ဘေးအန္တရာယ်ကို ခါးစီးခံနေရတဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ဖြစ်လာခဲ့ရပါတယ်။
အဲဒီတော့ ဒီအခင်းအကျင်းမှာ လက်သုံးချောင်းထောင်ပြီး ရဟန်းရှင်းလူပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တဲ့ လုပ်ရပ်တွေကို တော်လှန်ရေးလို့ ခေါင်းစဉ်တပ်လို့ မရပါဘူး။
လက်သုံးချောင်ထောင် အကြမ်းဖက်လှုပ်ရှားမှုကို ပြည်ဖျက်မီဒီယာ ဘီဘီစီ က "ဒီသင်္ကေတဟာ မြန်မာမှာအာဏာမသိမ်းမီက ဟောင်ကောင်က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်မှု၊ ထိုင်းက ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူငယ်တွေ စသုံးခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့အခါ ထိုင်ဝမ်၊ ဟောင်ကောင်၊ ထိုင်းက ဒေသတွင်းလူငယ်တွေ ပေါင်းစည်းမှု “Milk Tea Alliance” မှာ မြန်မာ့လူငယ်တွေ ပါဝင်ခဲ့ပါတယ်။ မြန်မာအာဏာသိမ်းစ ကာလတွေမှာ ည ၈ နာရီတိုင်း သံပြိုင်တီးတဲ့ “သံပုံးတီး” သပိတ်ဆိုလည်း ရပ်ရွာတွေထဲက နေအိမ်တွေကို စစ်တပ်က စီးနင်းဖမ်းဆီးတဲ့အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ စစ်တပ်က သပိတ်ပါဝင်သူတွေကို ဖမ်းဆီးတာအပြင် ကျည်အစစ်သုံး သပိတ်ဖြိုခွင်းလို့ လူသေဆုံးမှုတွေရှိလာချိန်မှာတော့ ပြောက်ကျားသပိတ်အသွင်ပြောင်းခဲ့သလို ဒီဂျစ်တယ်အားပြု ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာပါတယ်" လို့ ဖန်တီးရေးသား ဖော်ပြထားပတယ်။
အဆိုပါ ရေးသားဖော်ပြချက်နဲ့ ပတ်သက်လို့ ပြည်သူများ ရှင်းရှင်းလင်းလင်း သိမြင်နားလည်အောင် ပြောရရင် မြန်မာပြည်တွင်း တချို့အရပ်ဒေတွေမှာ နှစ်သစ်ကူးအခါသမယ ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပြီး နှစ်ဆန်းတစ်ရက်နေ့ ညမှာ တစ္ဆေသရဲတွေကို မောင်းထုတ်တဲ့အနေနဲ့ ရွာထိပ်ကနေ ရွာနောက်ပိုင်းကို သံပုံးတွေ တီးပြီး မောင်းထုတ်ကြခြင်းဖြစ်ပါတယ်။ နီပိန်းတွေရဲ့ သံပုံးတီး လှုပ်ရှားမှုမှာ တပ်မတော်သည် တစ္ဆေသရဲများ မဟုတ်တဲ့အတွက် ဘယ်ကိုမှ မထွက်သွားပါဘူး။ CRPH, NUG အကြမ်းဖက်အဖွဲ့က ပြည်ဖျက်မိစ္ဆာတွေသည်သာ တစ္ဆေသူရဲများပမာ မြန်မာပြည်တွင်းက ထွက်ပြေးသွားကြရတာကို သတိပြုမိကြဖို့ လိုပါတယ်။ နောက်တစ်ချက် က ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် ဆူညံပွက်လောရိုက်အောင် သံပုံးတီးကြတဲ့အထဲ မှာ တချို့က သံဒိုင်ကို ခေါက်တယ်၊ တချို့က စလောင်းဖုံးကို တီးတယ်။ တချို့က ဒန်အိုးဒန်ခွက်တွေကို တီးခေါက်ကြပါတယ်။ တီးခတ်မှုတိုင်းမှာ အဓိပ္ပာယ်ရှိပါတယ်။ ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်အရ သိရတာကတော့ စလောင်းဖုံးတီးတယ်ဆိုတာ မုဆိုးမကျိန်စာတိုက်တာလို့ ဆိုပါတယ်။ နီပိန်းတွေရဲ့ လုပ်ရပ်ကြောင့် မုဆိုးမ ဒေါ်စုဟာ မြန်မာပြည်အပေါ်မှာ အတိဒုက္ခရောက်အောင် လုပ်တဲ့ အဓိပ္ပာယ်မျိုး ဖြစ်စေခဲ့ပါတယ်။
၂၀၂၁ မှ ၂၀၂၅ ကာလ ဘီဘီစီအပါအဝင် ပြည်ဖျက်မီဒီယာတွေမှာ #WhatHappenedInMyanmar လို့ ရေးသားဖော်ပြချက်တွေကို ကြည့်လိုက်ရင် တပ်မတော်မကောင်းကြောင်း လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုကြောင့် နီပိန်း PDF တွေက ရဟန်းရှင်လူပြည်သူလူထုအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ဖျောက်ဖျက်ထားတာကို တွေ့ရပါလိမ့်မယ်။ #WhatHappenedInMyanmar ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်ပြေး ဝရမ်းပြေး တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုကြောင့် နီပိန်း PDF တွေက ရဟန်းရှင်လူပြည်သူလူထုအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ခဲ့တဲ့ နေရာမှာ အပြစ်မဲ့ ရဟန်းသံဃာတော်များ၊ ဆရာ/ ဆရာမများ၊ အခြားသော နိုင်ငံဝန်ထမ်းများ၊ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံခြင်းမရှိတဲ့ ပြည်သူများ လူဦးရေအားဖြင့် ၉၀၀၀ ကျော်အထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ပြည်ပအားကို ပြည်ဖျက်မိစ္ဆာတွေရဲ့ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ သမိုင်းအထောက်အထားတွေလည်း ရှိထားပြီး ဖြစ်ပါတယ်။
ဘီဘီစီရဲ့ ရေးသားဖော်ပြချက်အရ "မြန်မာမှာဘာတွေဖြစ်နေလဲဆိုတာကို နိုင်ငံတကာသိအောင် လူမှုကွန်ရက်က ဖြန့်ဝေတဲ့ Keyboard Fighters ဆိုတဲ့အမည်နဲ့ လူငယ်အင်အားတွေပေါ်လာပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ “WhatHappenedInMyanmar” ဆိုတဲ့ စာသားကိုသုံးကာ မြန်မာအကြောင်း ကမ္ဘာသိအောင် # သုံးပြီး ပိုစ့်ရေးသားမျှဝေခဲ့ကြတာမျိုးပါ။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် ဒီဂျစ်တယ်သုံးရန်ပုံငွေရှာဖွေတဲ့ Click To Donate ၊ Play To Donate နည်းတွေဟာ ဖိနှိပ်မှုအောက်က လူငယ်တွေရဲ့ ထိုးဖောက်မှုတစ်ရပ် ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဖြစ်တဲ့ Youtube မှာ ဗီဒီယိုတွေကြည့်ရင်း၊ application တွေမှာ သတင်းတွေဖတ်ရင်း ရန်ပုံငွေရှာကြတာပါ။ ဒီလိုနည်းပညာသုံးဆန့်ကျင်မှုတွေ အားကောင်းလာတဲ့အခါ စစ်တပ်ကလည်း ဒစ်ဂျစ်တယ်ပလက်ဖောင်း သုံးစွဲမှုအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေကို ပိုတိုးလုပ်ခဲ့ပါတယ်" လို့ ရေးသားဖော်ပြထားပါတယ်။
Keyboard Fighters ဆိုတဲ့ ကောင်တွေ၊ ကောင်မတွေဟာ နေ့စဉ်နေ့တိုင်း လူငယ်များ အသိမှား အမြင်မှားဖြစ်စေမယ့် တပ်မတော်နဲ့ ပြည်သူကို သွေးခွဲတဲ့ သတင်းတွေကို ဖန်တီးရေးသား ဖြန့်ဝေကြပါတယ်။ သူတို့ကိုယ်တိုင်ကတော့ ကျည်လွတ်မြေကို အရောက်ပြေးပြီး လူငယ်တွေကိုတော့ အကြမ်းဖက်သမားများအဖြစ်နဲ့ မိုက်ရူးရဲဆန်ဆန် လုပ်ကြဖို့ လှုံ့ဆော်သူတွေ ဖြစ်ပါတယ်။ Keyboard Fighters ဆိုတဲ့ ဟာတွေသည် သူတို့ကို ထောက်ခံအားပေးတဲ့ လူငယ်တွေကို အကြမ်းဖက်သမားအဖြစ်သို့ ရောက်ရှိအောင် လှုံ့ဆော်သူများဖြစ်သလို သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ရဟန်းရှင်လူပြည်သူများကို သေကြောင်းကြံခဲ့တဲ့ လူသတ်သမားတွေ ဖြစ်ပါတယ်။ ကီးဘုတ်ပေါ်က လူသတ်သမားများဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေက ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး လုပ်ကြံဖန်တီးရေးသားပြောဆိုမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပါတယ်။ အဲဒီကနေ ငွေရပါတယ်။ ငွေကိုလည်း သူတို့ပဲ ရတာ ဖြစ်ပါတယ်။ သူတို့ မလိုမုန်းထား ရှိနေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ပြည်တွင်းမှာ ရှိနေတဲ့ နီပိန်း PDF အကြမ်းဖက်သမားများထံ ငွေကြေးထောက်ပံ့ပေးပြီး သတ်ခိုင်းတာမျိုး လုပ်ပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှု ပုံစံဟာ တော်လှန်ရေးပုံသဏ္ဍာန် မဟုတ်ဘဲ ကြေးစားလူသတ်သမားများကို မွေးပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ခြင်းသာဖြစ်ပါတယ်။
ဘီဘီစီအပါအဝင် ပြည်ဖျက်မီဒီယာတွေအနေနဲ့ကတော့ ပြည်ပက ငွေကြေးအထောက်အပံ့ကို ရယူပြီး တပ်မတော်နဲ့ ပြည်သူကို သွေးခဲတဲ့ အလုပ်ကိုသာ အစဉ်သဖြင့် လုပ်ခြင်းဖြစ်တဲ့အတွက် လုပ်ကြံဖန်တီး ရေးသားဖော်ပြချက်တွေကတော့ နေ့စဉ်နေ့တိုင်း တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ ဒါကို ပြန်လည် တုန့်ပြန်ရေးသားရခြင်းက နိုင်ငံတကာ စစ်တမ်းများအရ G-z တွေမှာ ဉာဏ်ရည်နိမ့်ပါးလာတာကို တွေ့မြင်ရပါတယ်။ ဉာဏ်ရည်နိမ့်ပါးလာသည်နှင့် အမျှ ဆင်ခြင်တုံတရား အားနည်းလာမှာ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရား အားနည်းလာသည်နှင့်အမျှ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ပြီး ဆင်ကန်းတောတိုး လုပ်နေကြမှာပဲ ဖြစ်ပါတယ်။ ဘီဘီစီအပါအဝင် ပြည်ဖျက်မီဒီယာများကို အထူးတောင်းပန်ချင်တာက မင်းတို့ရဲ့ လုပ်ကြံဖန်တီး ရေးသားဖော်ပြချက်တွေဟာ အတိုင်းထက် အလွန်ထိရောက်ပါတယ်။ နီပိန်း လူရမ်းကားလေးတွေဟာ လက်မရွံ့အကြမ်းဖက်သမားများအဖြစ်နဲ့ မြန်မာ့သမိုင်းမှာ အဆိုးဆုံးအခြေအနေအထိ ယုတ်မာရိုင်းစိုင်းခဲ့ကြပြီးပါပြီ။ ဒီထက်တော့ ပိုပြီး လွန်ကျူးရန် မသင့်တော့ပါဘူး။ ဒါကြောင့် လူငယ်တွေကို ဒီထက်ပိုပြီး ရိုင်းစိုင်းယုတ်မာလာအောင် လှုံ့ဆော်ရေးသားမှုတွေကို လျှော့ကြပါတော့။ ဆင်ခြင်ကြပါတော့။ မင်းတို့ရဲ့ သားသမီးတွေသည် အကြမ်းဖက်သမားများ ဖြစ်နေမယ်ဆိုရင် မင်းတို့အနေနဲ့ ဘယ်လို ခံစားရမလဲ။ သားသမီးချင်း ကိုယ်ချင်းစာကြပါ။ သူတို့ရဲ့ မိဘတွေနေရာကနေ ကိုယ်ချင်းစာပေးကြပါ။ မင်းတို့ရဲ့ သားသမီးများကို ပြည်ပက နိုင်ငံတကာအဆင့်မီ ကျောင်းများမှာ ကျောင်းထားသလို ငါတို့ကို ထောက်ခံအားပေးတဲ့ နီပိန်း မိဘတွေမှာလည်း သူတို့သားသမီးလေးတွေကို လူတော်လူကောင်းလေးတွေအဖြစ် မြင်ချင် တွေ့ချင်ကြမှာပဲ။
ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ဒေါ်လာစား ပြည်ဖျက်မီဒီယာများက လူ့မိစ္ဆာများ ကိုယ်ချင်းစာစိတ်ကလေး မွေးပေးကြပါ။ ဉာဏ်ရည်နိမ့်ပါးတဲ့ G-z တွေကို မျိုးတုန်းအောင်အထိတော့ ယုတ်မာကောက်ကျစ် ရိုင်းစိုင်းစွာ လှုံ့ဆော်တာမျိုးတွေ မလုပ်သင့်တော့ပါ။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment