မိုင်းပျဉ်း ၊ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က နိုင်ငံ့ဝန်ထမ်းကောင်းများ၏ ခိုင်မာသောရပ်တည်မှုဖြင့် နိုင်ငံတော်တည်ဆောက်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မင်းလွင်က မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြတ်ပြတ်သားသားချေမှုန်းတိုက်ဖျက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဝိုနွဲ့က ဦးနှောက်မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော အစွမ်းထက်အစားအစာများအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ယနေ့လူငယ်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကြောင်းတို့ဖြင့် ဆွေးနွေးဟောပြောကြသည်။
ဆွေးနွေးပွဲအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နန်းခမ်းဆွေက အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ ဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုစာရေးများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment