ညောင်ဦး ၊ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေဆံတော် ဘုရားကြီးအဝင်လမ်းတစ်လျောက်တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၇ နာရီက ညောင်ဦးခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ရွှေဆံတော်ဘုရားကြီးအဝင်လမ်းတစ်လျှောက်နှင့် လောကထိပ်ပန်ဘုရား၊ မြေဘုံသာဘုရားလှလမ်းဘက်၊ လောကဥသျှောင်ဘုရားဘက်သွားလမ်းတို့ရှိ အမှိုက်သရိုက်များ၊ ပေါင်းမြက်များ၊ ကန္တာရပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပေါင်းမြက်များ၊ သစ်ပင်ခြုံနွယ်များအား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်တို့ဖြင့် ရှင်းပြီးသားပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်များအား စည်ပင်သာယာရေး အမှိုက်ကျင်းသို့ ပို့ဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment