ဒဂုံအရှေ့ ၊ ဖေဖော်ဝါရီ ၂၁
အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက် Mobile Training bus ဖြင့် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ စက်ရုံ (၄) ရုံတွင် ကွင်းဆင်းလှည့်လည်ကာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေတို့ပါ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာပြဌာန်းချက်များကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အမှတ် (၁၀၉) ရပ်ကွက်၊ သံချပ်ဝန်ဦးမြူလမ်း အမှတ် (၁၊၂) ရှိ CHAO YUE PRO (Myanmar) Garment Co.,Ltd (CMP) အထည်ချုပ်စက်ရုံ၊ Lucky Top (Myanmar) Manufacturing Co.,Ltd (CMP) အထည်ချုပ်စက်ရုံ ၊ ဦးအောင်ဇေယျလမ်း အမှတ် (၁၄၊၁၅) ရှိ Lin Dagon Garment အထည်ချုပ်စက်ရုံ၊ အမှတ် (၁၂၂) ရပ်ကွက်၊ ဦးအောင်ဇေယျလမ်း၊ အမှတ် (၂၅) ရှိ U Hair Co.,Ltd (CMP) ဆံပင်တုစက်ရုံတို့တွင် Mobile Training Bus အသုံးပြု၍ ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စက်ရုံများအရောက် အသိပညာပေးဆွေးနွေးကြောင်း သိရသည်။
ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ အလုပ်သမားဥပဒေများသိရှိကာ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏ စီးပွားရေးကဏ္ဍကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ
https://t.me/MyanmarNationalPost
No comments:
Post a Comment