မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) (၂/၂၀၂၆) သို့ တက်ရောက်ရန် မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေး စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများnဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့နှင့် အတူတကွ ပူးပေါင်း၍ နိုင်ငံတော်အပါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) (၂/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများ ပေးအပ်ခဲ့ပြီး နိုင်ငံ့သားကောင်းရတနာ သင်တန်းသားများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်၊ တော်ကနာ ကျေးရွာ ပဗ္ဗတမင်္ဂလာရုံကျောင်းတွင် ဆင်ယင်ကျင်းပသည့် ဓမ္မယုတ္တိက နိကာယ(မဟာရင်ဂိုဏ်း) နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ(၁၂၇)ကြိမ်မြောက် ဓမ္မဝိနယ စာပြန်ပွဲတော်ကြီး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်၊ တော်ကနာ ကျေးရွာ ပဗ္ဗတမင်္ဂလာရုံကျောင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ဓမ္မယုတ္တိက နိကာယ (မဟာရင်ဂိုဏ်း) နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ (၁၂၇) ကြိမ်မြောက် ဓမ္မဝိနယ စာပြန်ပွဲတော်ကြီးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဆရာတော် အရှင်သူမြတ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးစွာ နမောတဿ(၃) ကြိမ် ဘုရားရှိခိုးကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် ဩဝါဒါ စရိယ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဒရယ်ရွာ မင်္ဂလသုခဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နဝကမ္မအလှူတော်ငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့နယ် ကတိုးကျေးရွာ မဟာရင်ကျောင်းဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အေပါင်းတို့က လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှဝေပေးခဲ့ကြပြီး အခမ်းအနား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူ
#News #MNP







No comments:
Post a Comment