ဖေဖော်ဝါရီ - ၃ ( အင်္ဂါနေ့ )
မနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ တွေ့ဆုံကြပြီး ရုရှားဆီက ဝယ်ယူနေတဲ့ ရေနံပမာဏကို လျှော့ချပြီး အမေရိကန်ထံမှ ဝယ်ယူတဲ့ ကုန်စည်ပမာဏကို တိုးမြှင့်မယ့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို အပြီးသတ် လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့် ကြေညာထားတဲ့ ဒီသဘောတူညီချက်မှာ ကုန်သွယ်မှုပမာဏက ကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော် ပါဝင်ပြီး နှစ်နိုင်ငံစလုံးက တစ်ဖက်နဲ့တစ်ဖက် အခွန်တွေ လျှော့ချပေးမှာ ဖြစ်ပါတယ်။
"ထိရောက်မှုရှိပြီး၊ ချက်ချင်းဆိုသလိုပဲ၊ အမေရိကန်နဲ့ အိန္ဒိယကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ကျနော်တို့ သဘောတူခဲ့ပြီး၊ အဲဒီအတွက် အမေရိကန်က အပြန်အလှန်အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်း အထိ လျှော့ချပေးမှာပါ" လို့ ထရမ့်က သူ့ရဲ့ ထရုသ်ဆိုရှယ်မီဒီယာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။ "အမေရိကန်ပြည်ထောင်စုအပေါ် အိန္ဒိယရဲ့ အခွန်စည်းကြပ်မှု နဲ့ အကောက်ခွန်မဲ့ အတားအဆီးများကို သုည အထိ လျှော့ချပေးဖို့ ရှေ့တိုးသွားမှာပါ" လို့ ဆိုပါတယ်။
ထရမ့်နှင့် မိုဒီတို့ အိမ်ဖြူတော်တွင် တွေ့ဆုံပြီး တစ်နှစ်နီးပါးအကြာတွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု ကို ၂၀၃၀ ခုနှစ်တွင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံမှ နှစ်ဆတိုးရန် ရည်မှန်းထားသည့် ဆွေးနွေးပွဲများ စတင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါ သဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုက အိန္ဒိယသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထိပ်တန်းတင်သွင်းသူ ဖြစ်လာမှာဖြစ်ပြီး F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ နောက်ဆုံးရောင်းချခြင်း အပါအဝင် အိန္ဒိယသို့ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချမှု တိုးမြင့်လာစေရန်နှင့် အိန္ဒိယမှ အစ္စရေးသို့ ကုန်သွယ်ရေးလမ်းကြောင်းကို ထူထောင်ခြင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းများကို ထူထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ခေါင်းဆောင်များက မှတ်ချက်ပြုခဲ့ကြပါတယ်။
REF: UPI
#News #MNP

No comments:
Post a Comment