ဆော်ဒီကျတော့ နျူ့လက်နက်ကို ပေးကိုင်ထားတယ်လို့ အီရန်စစ်ဘက်အကြီးအကဲဟောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆော်ဒီကျတော့ နျူ့လက်နက်ကို ပေးကိုင်ထားတယ်လို့ အီရန်စစ်ဘက်အကြီးအကဲဟောင်းဆို


ဖေဖော်ဝါရီ - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

ဆော်ဒီအာရေဗျတွင် နျူလက်နက်ပိုင်ဆိုင်ထားပြီး ၎င်းကို အမေရိကန်က အပြည့်အဝလက်ခံထားကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ တပ်မှူးဟောင်း ဟူစိန်ကာနာနီ က ရုရှားရုပ်သံ နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။  

အီရန်ရဲ့နျူကလီးယားလက်နက်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ဝါရှင်တန်နှင့် တီဟီရန်တို့ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင်  အဲ့ဒိ သီးသန့်အင်တာဗျူးကြောင့် အံ့အားသင့်ထိတ်လန့်ဖွယ် သတင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။  

ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ကိုးကားပြီး ကာနာနီ က "ဆော်ဒီအာရေးဗီးယားမှာဆိုရင် ဒီအချိန်မှာ သူတို့ရဲ့ကိုယ်ပိုင်နျူကလီယားဗုံးရှိနေပါတယ်။ အဲ့ဒါကို အမေရိကန်က ကောင်းကောင်းသိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အင်တာဗျူးမေးမြန်သူက ရှင်းလင်းချက် တောင်းခံသောအခါ ၎င်းက “ဟုတ်ပါတယ်၊ မှန်ပါတယ်။ တကယ်ပါ” လို့ဆိုပြီး အစ္စရေးနှင့် အမေရိကန်တို့ အပြည့်အဝ သိရှိထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

IRGC တပ်မှူးဟောင်းက အစ္စရေး၏ မော့ဆက်နှင့် စီအိုင်အေ အပါအဝင် နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီများက အီရန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ကျောထောက်နောက်ခံ ပြုနေတာကိုလည်း စွပ်စွဲခဲ့ပါတယ်။  “သူတို့ရဲ့ ရည်ရွယ်ချက်က အစိုးရကို ဖြုတ်ချဖို့ မဟုတ်ဘဲ အီရန်ကို လုံးလုံးလျားလျား ဖြိုခွဲပြီး အရှေ့အလယ်ပိုင်းမှာ နိုင်ငံရေး အာဏာကို ချဲ့ထွင်ချင်လို့ပါ” လို့ ဆိုပါတယ်။ 

"ဝါရှင်တန်က တိုက်ခိုက်မယ်ဆိုရင် တီဟီရန်ရဲ့ ပထမဆုံး လှုပ်ရှားမှုက အမေရိကန် အခြေစိုက်စခန်းတွေကို တိုက်ရိုက် ပစ်မှတ်ထားမှာ မဟုတ်ပါဘူး။ ဒုံးကျည်တွေက အစ္စရေးကို ဦးတည်သွားနိုင်တယ်။ လိုအပ်ရင် ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်လိုက်မှာပါ။ တရုတ် ဒါမှမဟုတ် ရုရှားရဲ့ စီးပွားရေးကို မထိခိုက်စေချင်ပေမယ့် အမေရိကန်ရဲ့ ရန်စမှုတွေကို တုံ့ပြန်ရာမှာ ရှောင်လွှဲလို့ မရပါဘူး" လို့ ဆိုပါတယ်။ 

မကြာသေးမီ ရက်သတ္တပတ်များအတွင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တီဟီရန်ရဲ့ ယူရေနီယံသန့်စင်မှု နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ကန့်သတ်ထိန်းချုပ်နိုင်ရန် လေယာဉ်တင်သင်္ဘော  အေဗရာဟင်လင်ကွန်း ဦးဆောင်တဲ့ ရေတပ်အုပ်စုကြီး တစ်ခုကို အရှေ့အလယ်ပိုင်းကို စေလွှတ်ထားပါတယ်။ 

တစ်ချိန်တည်းမှာပဲ အီရန်က ၎င်း၏ ဒုံးကျည်လက်နက်တိုက်အား အဆင့်မြှင့်တင်မှုများ ပြီးမြောက်ကြောင်း ကြေညာခဲ့ပြီး စစ်ဖြစ်လာရင် တိုက်စစ်အသာစီးရအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)