ဆီးရီးယားမှာ ဖမ်းထားတဲ့ ထောင်နဲ့ချီတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို အီရတ်ထောင်တွေဆီကိုပို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီးရီးယားမှာ ဖမ်းထားတဲ့ ထောင်နဲ့ချီတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို အီရတ်ထောင်တွေဆီကိုပို့


ဖေဖော်ဝါရီ - ၁၁ ( ဗုဒ္ဓဟူးနေ့ )  

အီရတ်နိုင်ငံသည် ပြီးခဲ့သောလက အမေရိကန်စစ်တပ်မှ စတင်လွှဲပြောင်းပေးခဲ့သော ဆီးရီးယားမှာ ဖမ်းထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS၊ ယခင်က ISIS) အကျဉ်းသား ထောင်ပေါင်းများစွာကို လက်ခံရရှိခဲ့ကြောင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ဆီးရီးယားအစိုးရ နဲ့ ကာ့ဒ်လက်နက်ကိုင်တွေ ဦးဆောင်သော တပ်ဖွဲ့များသည် ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့ များ တဖြည်းဖြည်း ဆုတ်ခွာနေချိန်တွင် အရှေ့မြောက်ပိုင်းရှိ အဓိက နယ်မြေများကို မြို့တော် ဒမတ်စကပ်အစိုးရ ရဲ့ ထိန်းချုပ်မှုကို ပြန်လည်ရယူရန်အတွက်ချုပ်ဆိုထားတဲ့ သဘောတူညီချက်တစ်ရပ်အရ လွှဲပြောင်းရယူလိုက်ခြင်း ဖြစ်ပါတယ်။ 

အမည်မဖော်လိုသူ အီရတ်အရာရှိတစ်ဦးက IS နှင့် ဆက်နွှယ်နေသည့် အကျဉ်းသား ၄,၅၀၀ ကို အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေက လွှဲပေးခဲ့တာပါ လို့ မနေ့က သတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။ နောက်ထပ် သံသယရှိသူ ၇,၀၀၀ ခန့်ကိုလည်း နေရာရွှေ့ပေးနေတယ်လို့ သိရပါတယ်။ အကျဉ်းကျခံရသူများတွင် အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနေစဉ်အတွင်း အီရတ်၊ ဆီးရီးယားနှင့် ကာ့ဒ်တပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခြားသားများ ပါဝင်တယ်လို့လည်း သိရပါတယ်။ 

အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်တွေဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် ယခင်က ထိန်းသိမ်းရေးစခန်းအများအပြားကို ထိန်းချုပ်ထားပြီး IS ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဝါရှင်တန်၏ အဓိကကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

ဇန်န၀ါရီလကုန်တွင် ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးကြောင့် ထိန်းသိမ်းရေးစခန်းတစ်ခုမှ အစုလိုက်အပြုံလိုက်ထွက်ပြေးမှုအပါအဝင် မငြိမ်သက်မှုများဖြစ်ပွားခဲ့ပြီး သံသယရှိသူ ထောင်ပေါင်းများစွာကို အီရတ်ရှိ ပိုမိုလုံခြုံသောအဆောက်အအုံများသို့ လွှဲပြောင်းပေးရန် ဝါရှင်တန်က စီစဉ်ခဲ့တာပါ။ 

လွှဲပြောင်းပေးသည့် အကျဉ်းသားများအား စုံစမ်းစစ်ဆေးမှုများသည် အမှုများ၏ ရှုပ်ထွေးမှုအပေါ်မူတည်၍ လေးလမှ ခြောက်လအထိ ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ရပြီး အီရတ်ဥပဒေဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း အီရတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ လွှဲပြောင်းမှုများသည် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်လ်ဆူဒါနီက အင်္ဂါနေ့တွင် အီရတ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးခံထားရသော အကြမ်းဖက်သမားများကို ၎င်းတို့ရဲ့ နေရပ်ပြန်ပို့ရန် သက်ဆိုင်ရာနိုင်ငံများအား ၎င်းက တောင်းဆိုခဲ့ပါတယ်။ 


REF: RT 

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)