ဖေဖော်ဝါရီ - ၁၇ ( အင်္ဂါနေ့ )
အမေရိကန် အရှေ့ပိုင်းပြည်နယ် ကွန်နက်တီကပ် က ရိုဒီကျွန်းပေါ်မှာ တနင်္လာနေ့က လူငယ်တွေ ဟော်ကီကစားနေစဉ် သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒန်နစ်အမ်လင့် အေရီနာကွင်းမှာ ကွန်ဗန်ထရီနဲ့ ဘလက်စတုန်းဗေလီ အသင်းတို့ ယှဉ်ပြိုင်မှုအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ပေါ်တက်စကတ်မြို့ရဲချုပ် တီနာဂွန်ကလေ့ဗ် က တိုက်ခိုက်မှုမှာ သေနတ်သမားက ရည်ရွယ်ချက်ရှိရှိ နဲ့ နစ်နာသူတွေကို ပစ်မှတ်ထားခဲ့ပုံရတယ်လို့ဆိုပြီး မိသားစုအငြင်းပွားမှုကနေဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ လူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် သံသယရှိသူက မိမိကိုယ်ကို သေနတ်ဖြင့် သေကြောင်းကြံခဲ့ပါတယ်။ နောက်ထပ် လူ ၃ ဦးကို ဆေးရုံတင်ထားရပြီး စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒေသခံ သတင်းတွေအရ သံသယရှိသူက အနည်းဆုံး ပစ်ခတ်မှု ၁၄ ကြိမ် ပစ်ခတ်ခဲ့ပြီး ပွဲကို တိုက်ရိုက်ထုတ်လွှင့်မှု ရပ်ဆိုင်းသွားပြီး ကစားသမားများနှင့် ပရိသတ်များလည်း ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment