တတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်ခေါ်ယူပြီး လွှတ်တော်အစည်းအဝေးများကျင်းပဖို့ အချိန်နီးကပ်လာပြီဖြစ်သဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်ခေါ်ယူပြီး လွှတ်တော်အစည်းအဝေးများကျင်းပဖို့ အချိန်နီးကပ်လာပြီဖြစ်သဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား




မကွေး၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ စနစ်တကျကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပထမထပ် VIP Meeting Room ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လွှတ်တော်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် လုပ်ငန်းစီမံချက်ရေးဆွဲထားပြီးဖြစ်သလို စီမံချက်ပါအတိုင်း အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့အတွက် လုပ်ငန်းကော်မတီအလိုက် စနစ်တကျပြင်ဆင်ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အခက်အခဲများကြားကနေပြီးတော့ အပိုင်း ၃ ပိုင်းခွဲပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သလို အများပြည်သူရဲ့ဆန္ဒနဲ့အညီရွေးချယ် တင်မြှောက်လိုက်တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များလည်း ပေါ်ထွက်လာပြီဖြစ်ကြောင်း၊ FTPT စနစ်နဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်(၂၀)ဦး၊ MMP စနစ်နဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး၊ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း(၄၆)ဦးရဲ့ အမည်စာရင်းလည်း ထွက်ပေါ်လာပြီဖြစ်သလို မကွေးတိုင်းဒေသကြီး လွှတ်တော်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တောင်းခံထားပြီးဖြစ်လို့ တတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်ခေါ်ယူပြီး လွှတ်တော်အစည်းအဝေးများကျင်းပဖို့ အချိန်နီးကပ်လာပြီဖြစ်ပါကြောင်း၊ ဒီလိုလွှတ်တော်အစည်းအဝေးများ ကျင်းပရာမှာ ပထမဆုံးကျင်းပတဲ့ အစည်းအဝေး ပထမနေ့ဟာ အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အစည်းအဝေးပထမနေ့မှာ သဘာပတိရွေးချယ်ခြင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းစတဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့အပိုင်းတွေကို အဓိကထားပြင်ဆင်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးရမဲ့ကိစ္စရပ်တွေကို ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လုံလောက်တဲ့ ဘဏ္ဍာရန်ပုံငွေကိုလည်း ချထားဆောင်ရွက်ပေးထာပြီးဖြစ်သလို ဆောင်ရွက်ရမဲ့အပိုင်းလည်း အနည်းငယ်သာကျန်ရှိတော့တဲ့အတွက် အချိန်မီပြီးစီးဖို့ စနစ်တကျကြီးကြပ်ဆောင်ရွက်ဖို့ လိုမှာဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့ရဲ့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမဲ့လုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ လွှတ်တော်ရုံးအနေနဲ့ လွှတ်တော်အဆောက်အဦပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ ကိုယ်စားလှယ်ရိပ်သာ ပြင်ဆင်မှုတို့ကို လွှတ်တော်အစည်းအဝေးများ မစတင်မီမှာ အချိန်မီပြီးစီးအောင် အားထည့်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်သလို လွှတ်တော်အစည်းအဝေးအတွက် စာရွက်စာတမ်းပိုင်းဆိုင်ရာကအစ လိုအပ်ချက်မရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်မှာဖြစ်ပြီး သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး စနစ်တကျပူးပေါင်းဆောင်ရွက်ထားဖို့လိုအပ်ကြောင်းနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းများဆောင်ရွက်ရာမှာ အခက်အခဲများရှိရင်တင်ပြပေးကြဖို့နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လိုအပ်သလို ဖြည်းဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၏ ကြိုတင်ပြင်ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြခဲ့ပြီး၊ ဦးစီးကော်မတီ အတွင်းရေးမှူး တိုင်းလွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့် ဦးစီးကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ၊ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအတွင်း တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကျင်းပနိုင်ရေး ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)