ဖေဖော်ဝါရီ - ၈ ( တနင်္ဂနွေနေ့ )
ကမ္ဘာ့ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ ကြီးထွားလာသည်နှင့်အမျှ ကမ္ဘာ့ကုန်သွယ်မှုအစီအစဉ်သစ်သည် အိန္ဒိယနိုင်ငံဘက်သို့ တိမ်းစောင်းလာနေပြီဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသည် နိုင်ငံများစွာ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံဖြစ်လာပြီး ကမ္ဘာ့ကျန်းမာရေးကို ပခုံးချင်းယှဉ် ပံ့ပိုးကူညီနေသည့် နိုင်ငံဖြစ်လာကြောင်း ပါလီမန် အထက်လွှတ်တော် ရာဂျာဆာဘားတွင် ကြာသပတေးနေ့တွင် မိုဒီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သောလက နယူးဒေလီ နဲ့ အီးယူတို့ရဲ့ အလားတူကောင်းတဲ့ သဘောတူညီချက်ရခဲ့ပြီးနောက် အမေရိကန်က အိန္ဒိယကို ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ကြေညာပြီး တိုးမြှင့်ထားတဲ့ ကုန်သွယ်ခွန်ထဲက ၂၅% ကို ပြန်ပြီးလျှော့ချပေးခဲ့ပါတယ်။
"အိန္ဒိယက နိုင်ငံတကာပလက်ဖောင်းများပေါ်တွင် ကမ္ဘာ့တောင်ဘက်အခြမ်း နိုင်ငံတွေရဲ့ ထောက်ခံမှု ခိုင်ခိုင်မာမာ ရထားပါပြီ။ အဓိကနိုင်ငံများနဲ့ 'အနာဂတ်မှာ အဆင်သင့်ရှိသော ကုန်သွယ်မှု သဘောတူညီချက်များ' ထဲကို ဝင်ရောက်နေပြီ"လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သော EU နှင့် “အားလုံး၏မိခင်”ကုန်သွယ်မှုသဘောတူညီချက် ကိုးခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း မိုဒီက လွှတ်တော်အမတ်များကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာနေသော အဓိကစီးပွားရေးနိုင်ငံတစ်ခုဖြစ်လာပြီး ၂၀၃၀ ခုနှစ်တွင် ခန့်မှန်းထားသော တိုင်းပြည်ဝင်ငွေ GDP ကန်ဒေါ်လာ ၃.၇ ထရီလီယံဖြင့် ကမ္ဘာ့ တတိယအကြီးဆုံးစီးပွားရေး ထိပ်သီးနိုင်ငံ ဖြစ်လာရန် အလားအလာရှိပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment